Myanmar's Growth, Stability Hinge on General Election Result

မြန်မာ့စီးပွါးရေးဖွံ့ဖြိုးမှု ရွေးကောက်ပွဲအပေါ်မူတည်

၂၆-၁ဝ-၂ဝ၁၅ အရှေ့တိုင်းစံတော်ချိန် ညနေ ၆ နာရီက Bloomberg မှာ Andrew Davis ရေးတဲ့ဆောင်းပါးဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲနောက်မှာ လက်ရှိစီးပွါးရေးအလားအလာက ၇% ရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရှိလာလို့ပါ။ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စရိန်တည်းထုတ်ကုန်နဲ့ ခရီးသွားလုပ်ငန်းတွေပါဝင်တယ်။ ADB အာရှ ဖွံ့ဖြိုးရေးဘဏ်က ၂ဝ၁ဝ၆ နီးလာရင် ၈့၃% အထိမျှော်မှန်းထားပါတယ်။ တကယ်တော့ မနှစ်က တဦးချင်းဝင်ငွေ $1,198 သာရှိလို့ အခြေခံက လျှော့ရဲပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့စာရင် ၅ ပုံ ၁ ပုံသာရှိပါတယ်။ သော့ချက်ကတော့ နောက်အစိုးရမှာ ဆက်တိုးပါမလား။

စစ်တပ်တိုက်ရိုက်အုပ်ချုပ်ရေးကနေ ပြင်ပကမ္ဘာကို လမ်းဖွင့်ပေးခဲ့ပါတယ်။ Chatham House အဆိုအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝဝ၉ ကနေ ၂ဝ၁၄ မှာ $4.1 billion ရှိလာလို့ ၁ဝ ဆတိုးလာတယ်။ Total SA ကစပြီး Telenor ASA နဲ့ Coca-Cola Co. ကုမ္ပဏီတွေကရင်းနှီးလာကြတယ်။ နိုင်ငံရေးမရေရာမှုကြောင့် နောက်ထပ်ရင်းနှီးမြှုပ်နှံမယ့်သူတွေက တွန့်ဆုတ်နေကြတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရင်တော အဲလိုအတားအဆီးတွေကို ကျော်လွှားနိုင်မှာပါ။

အတိုက်အခံ NLD ပါတီဟာ ထင်ရှားပြီးလူကြိုက်များတဲ့ခေါင်းဆောင်း ဒေါ်အောင်ဆန်းစုကြည့်ကြောင့် အလားအလာ ကောင်းနေပါတယ်။ ဒါပေမယ့် သူ့ကို သမတဖြစ်ခွင့်ကိုပိတ်ထားပါတယ်။ လွှတ်တော်ထဲမှာ ၂၅% မဲကနေ မဖြစ်အောင် လုပ်ထားတယ်။ သမတဦးသိန်းစိန်ရဲ့ USDP ပါတီဟာ ၂ဝ၁၁ ကတည်းက စီးပွးရေးတံခါးကို ဖွင့်ပေးတယ်။ ကြည့်ရတာ ဘယ်အဓိကပါတီကမှ အများစုအနိုင်ရမယ်မဟုတ်ပါ။ နိုင်ငံရေးပါတီငယ်တွေနဲ့ ညွန့်ပေါင်းအစိုးရ လုပ်ရဘို့ရှိပါတယ်။ အန္တရာယ်ကတော့ မဲပေးပွဲမသမာမှုတွေနဲ့ စစ်တပ်က ရလဒ်ကို မကျေနပ်ဖြစ်လို့ ကြားဝင်လာမှာဖြစ်ပါတယ်။

ပြည်တွင်းတည်ငြိမ်မှုပြောရရင် တိုင်းပြည်မဲ့ ရိုဟင်ဂျာ ၁ သန်းလောက်ရှိနေတယ်။ မဲပေးခွင့်လည်းမရကြပါ။ လက်နက်ကိုင် ဆန့်ကျင်မှုကို ဆယ်စုနှစ်များစွာရင်ဆိုင်ခဲ့ရတယ်။ အစိုးရကနေ အပစ်ရပ်ရေးဆွေးနွေးပွဲတွေလုပ်ပေမယ့် ရှစ်ဖွဲ့နဲ့သာ လက်မှတ်ထိုးနိုင်တယ်။ ၇ ဖွဲ့ကဆွေးနွေးပွဲတွေမှာပါခဲ့ပေမယ့် လက်မှတ်မထိုးကြပါ။ ကြိုးကြားတိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်။ နောက်အစိုးရအဖို့ ကျန်တိုင်းရင်းသာတွေပါလာအောင်လုပ်ဖို့လုပ်စရာ ရှိပါတယ်။

မြန်မာပြည်ဟာ တရုပ်နဲ့ ကီလိုမီတာ ၂ဝဝဝ (၁၂၄၃ မိုင်)၊ အိန္ဒိယနဲ့က ကီလိုမီတာ ၁၅ဝဝ၊ နယ်နိမိတ်ချင်း ဆက်နေပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက Act East policy အမြန်လုပ်ပါဆိုတဲ့ပေါ်လစီကိုင်ထားပါတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ ဆိပ်ကမ်းခွန်လျှော့ချရေးသဘောတူထားတယ်။ မြန်မာပြည်ကိုဖြတ်ပြီး ထိုင်းနိုင်ငံအထိ နယ်စပ်ကျော် လမ်းမကြီးနဲ့ ရထားလမ်းဖေါက်ပါမယ်။

တရုပ်သမတ ဇီဂျန်းပင်အနေနဲ့ ရှေးဟောင်းကုန်သွယ်ရေးလမ်းကြောင်းကိုပြန်ဖေါက်ချင်တယ်။ ဥရောပနဲ့ ဆက်သွယ်ရာမှာ မလက္ကာရေလက်ကြားအားကိုနေရမှုကိုလျှော့ချင်လို့ဖြစ်တယ်။ တရုပ်က သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖေါက်ပြီးပါပြီ။ နောက်အစိုးရအနေနဲ့ တရားဝင်ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုစရာရှိပါတယ်။ ဒါပေမယ့် အာရှအင်အားကြီးနှစ်ခု၊ အမေရိကန်နဲ့ ထိုင်းငွေတွေကြားမှာ ကစားရပါလိမ့်မယ်။

ဂရပ်ကိုကြည့်ပြီး လက်ရှိအစိုးရကို ရောင်လို့များ မချီးကျူးလိုက်ပါနဲ့။ စစ်တပ်တိုက်ရိုက်အုပ်ချုပ်ရေးကနေ တစိတ်တပိုင်း လုပ်လိုက်တာနဲ့ကို အဲလောက်ထိ တိုးတက်လာတာ ဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်နေသာ ဖယ်ပေးလိုက်ရင် ကနေ့ အာရှမှာ ကျားတွေ၊ နဂါးတွေကို မကျော်ရင်တောင်မှ ကောင်းကောင်းယှဉ်နိုင်နေပါပြီ။ ခြသေ့ရုပ်နဲ့တော့ ယှဉ်မရပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၅
Photo: A street vendor sells merchandise featuring Aung San Suu Kyi. Myanmar holds its first first general election since the 2010 vote that led to the formation of a quasi-civilian government and the Nov. 8 ballot is expected to be the most transparent since Myanmar’s former military rulers began dabbling with multi-party voting in 1990. Photographer: Brent Lewin/Bloomberg

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး