Wednesday, October 28, 2015

Parents အမေ-အဖေ့ ဓါတ်ပုံ

ကျွန်တော့ အမေနဲ့ အဖေ့ဓါတ်ပုံတွေကို ၅-၁၂-၂ဝ၁၄ ကနေ့မနက်မှာ ရပါတယ်။ တိုင်းပြည်ကထွက်ရပြီး ၂၄ နှစ်ကြာမှ ရတာပါ။

အမေက မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ အဖေနဲ့အိမ်ထောက်ကျပြီး၊ သားသမီးတွေ တယောက်ပြီးတယောက် ထွန်းပေါက်တယ်။ ကျွန်တော်မိဘတွေဟာ အသက်ရလေလေ စီးပွါးရေးကြပ်တည်းလေလေ။ သူတို့က သားသမီးတွေကို ပညာအမွေပေးနိုင်ဘို့ထက် ဘာတခုမှမတွက်ခဲ့ကြပါ။ ကျွန်တော်ဆရာဝန်ဖြစ်လာဘို့ရာ ညီတွေနှစ်မတွေက အနစ်နာခံပေးကြရတယ်။ မိဘတွေ အိုကံမကောင်းကြတာမှာ သားနှစ်ယောက်က နိုင်ငံရေးထဲဝင်ပါလို့လည်းပါတယ်။

အမေဆုံးပြီး ၂ ပါတ်ကြာမှသာ ညီကမုံရွာထောင်ကလွတ်တယ်။ ကျွန်တော်က တိုင်းပြည်ထဲမှာမရှိပါ။ သူရေးတဲ့ ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး (သို့) အမေ့ မုသားစကားရှစ်ခွန်းကို တင်ထားတာ ဖတ်ရတယ်။

သားဆရာဝန် ကျွန်တော်ဟာ အမေခြေကျိုးတာကို ကုသပေးခွင့် မရလိုက်ပါ။ အမေ အဖေဆုံးတဲ့ရက်တွေကို မေးယူမှသာ သိပါတယ်။ သူတို့ကျန်းမာရေးနဲ့ အသုဘအတွက် ဝါယမစိုက်ကြတဲ့ သွေးသားဆွေမျိုးတွေနဲ့ နိုင်ငံရေးဆွေမျိုးတွေကို ကျေးဇူးတင်လျက်ပါ။ အဲဒီဆွေမျိုးတွေ ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော်တို့မိဘတွေ နောက်ဘဝတွေမှာ ကျွန်တော်တို့လို မင်းဆိုးဒဏ်သင့်သူတွေနဲ့ ကင်းလွတ်ပါစေ။ မြန်မာပြည်သူတွေ မင်းဆိုးဘေးက ဝေးကြပါစေ။ သီတင်းကျွတ်မှာ မိဘကျေးဇူးဆပ်နိုင်သူတွေ များပြားပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

မုန်း

တင့်တင့်ပပ သင့်အလှကို ဗန်းပြဂုဏ်တင် တန်ဆာဆင်၍ အစဉ်အမြဲ ဘဝင်ထဲဝယ် လှိုက်လှဲငြိငြိ ကိုယ်ချစ်မိ၏။ ကြည်ကြည်မြမြ ရှုမဝသည့် ထွန်းပသစ်သစ် လှ...