Tuesday, October 20, 2015

Red or White Grapes စပျစ်သီး အနီနဲ့ အစိမ်း

၁။ Antihistamine and Anti-inflammatory အင်တီဟစ်တမင်းနဲ့ အရောင်ကျအစွမ်း
စပျစ်သီးအခွဲအရောင်ရင့်လေလေ phytonutrients များလေလေ အရောင်တောက်လေလေ။ antioxidant (flavonoids) အစွမ်းပိုများတယ်။ flavonoid ဖြစ်တဲ့ quercetin ကနေ အင်တီဟစ်တမင်းအစွမ်းနဲ့ အရောင်ကျအစွမ်းကိုပေးတယ်။ အကောင်ကိုက်တာ၊ ရောဂါပိုးဝင်တာ (ဥပမာ အအေးမိ) ဖြစ်ရင် ဟစ်တမင်းဓါတ်ထွက်တယ်။ အင်တီဟစ်တမင်းဓါတ်က ချေဖျက်ပေးတယ်။ အဲတာကြောင့် အလာဂျီအတွက်သုံးကျတယ်။

Menopause Symptoms သွေးဆုံးခြင်း
အနီရောင် စပျစ်သီးမှာ flavonoid (resveratrol) ပါတယ်။ ဓါတ်ခွဲခန်းမှာဖေါ်စပ်တဲ့ diethylstilbestrol နဲ့ဆင်တူတယ်။ အဲတာက မ-ဟော်မုန်း အီစထိုဂျင်ဖြစ်တယ်။သွေးဆုံးပြီး အမျိုးသမီးတွေအတွက်ကောင်းတယ်။

၂။ Cancer ကင်တာကာကွယ်ရေး
စပျစ်သီးမှာပါတဲ့ Resveratrol ဓါတ်အပြင် တခြားဓါတ်တွေကနေ ကင်ဆာကိုကာကွယနိုင်စွမ်းရှိကြတယ်။ catechins, proanthocyanidins နဲ့ stilbenes ဓါတ်တွေကစပျစ်သီးအနီရောင်မှာပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ်နိုင်မလား စမ်းသပ်နေတယ်။ အဆုပ်ကင်ဆာအတွက်လည်း စမ်းသပ်နေတယ်။

၃။ Manganese မင်းဂနီးစ်ဓါတ်
စပျစ်သီး အနီမှာရော အစိမ်းမှာပါပါတယ်။ ခွက်တခွက်စာကနေ တနေ့တာလိုအပ်ချက်ရဲ့ ၃၃% ကိုရစေတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဖူးပွင့်ကြတဲ့ ပန်းမာလာ သင်းရနံ့ကဖြာ

ဆရာ ရနံ့ နဲ့ အနံ့ကို ဘယ်လိုသုံးပါလဲ ရှင်းပြပေးပါ။ ရနံ့ထုံသင်းလို့ ကဝိဓဇသတ်ပုံကျမ်းမှာပါတယ်။ အနံ့ကတော့ အ ထည့်လို့ နာမ်စာလုံးဖြစ်လာတဲ့ အနံ...