Red Ground ကင်းဝန်ရဲ့ရွာမှာ

ပို့စ်တခု = Alinka Monywa ကင်းဝန်မင်းကြီးနယ်မြေက မင်းတို့မုံရွာအားပေးတာ ပျင်းတောင် ပျင်းသေးတယ်တဲ့ဗျာ။ ခန့်မှန်းခြေ မုံရွာလူထုထက် ၅ ဆ ပိုလောက်တယ်။

အဲတာက မုံရွာသူကပြောတာ။ ကျွန်တော်ရေးရင် ဘက်လိုက်တာ လူသိသွားမယ်။ နောက်တယောက် ပုလဲသား။ သူကတော့ ကျွန်တော့်လို မကြွားအား။

ဆရာ့ ဆရာပို့စ်တင်ပေးတာ စွမ်းတယ်ဆရာ။ မဟာဒုတ် ဆရာလုပ်လိုက်လို့ ဒီကနေ့ စတိတ်ကို နှောက်ယှက်ပြန်ပြီ။ လေးမြို့နယ် ငွေပေးလူငှါးတွေ၊ ကားငှါးတွေနဲ့ အလှပြယာဉ်တန်းနဲ့ ကျနော်တို့နဲ့ တနေ့ထဲချိန်ပြီး လက်တောင်းကြီး မြောက်ဖက်ကနေ ကန့်ဒေါင့်အထိ ယာဉ်တန်းနဲ့ နှောက်ယှက်တယ်ဆရာ။ လူထုကသည်းခံပြီး၊ ထီးမိုးပြီး၊ မိုးကိုအန်တုပြီး၊ အားပေးတယ်ဆရာ။ ဒီပို့စ်လဲ တင်ပေးပါအုံးဆရာ။

သည်းခံခြင်းအကျိုး၊ မိုးကိုတောင် အန်တုရဲတဲ့ ဇွဲနပဲ၊ ကဲ့ ကင်းဝန်မင်းကြီးဆီကို ထဘီပို့ချင်တဲ့ စုဘုရားလတ် ဘာတတ်နိုင်သေးလည်း။ ကင်းဝန်သွေးမည်သည် နီစရာရှိမှ နီပြတယ်။ ကင်းဝန်မြေမှာ အောင်မြေနင်းနေကြတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး