Vote for Education ပညာရေးအတွက် မဲပေးပါ

ကျွန်တော် အခုနေရတဲ့တိုင်းပြည်မှာ အသက် (၁၈) နှစ်အထိ ကလေးတိုင်း ကျောင်းမတက်မနေရ၊ အခမဲ့ဖြစ်တယ်။ ကျောင်းမထားတာတွေ့ရင် မိဘတွေ ထောင်ကျမယ်။

မိဘတွေက သူတို့ဝင်ငွေအပေါ်မူတည်ပြီး စတိလောက်သာ ငွေကုန်ကြရတယ်။ မနက်စာကို ကျောင်းမှာသာစားရတယ်။ အသွားအပြန် ကျောင်းကားနဲ့။ သောကြာညဆို အိမ်စာမပေးတော့ဘူး။ ကျူရှင်မရှိပါ။ ကျောင်းဝတ်စုံရယ်လို့ မရှိပါ။ ဘောင်းဘီရှည်ပြောင်နဲ့ စပို့ရှပ်ပြောင်ဆိုရင် ရပြီတဲ့။ စာတော်ရင်တော့ စကေားလားရှစ်ပုံစံ အမျိုးမျိုးရကြတယ်။ ကျောင်းကနေရလာတဲ့ စည်းကမ်းလိုက်နာရတဲ့အကျင့်ကို အိမ်မှာ (မြန်မာပြည်က) လူကြီးတွေကို သူတို့ကပဲ ပြန်သင်ပေးတတ်ကြတယ်။

ကျောင်းအနီးအနားလမ်းတွေတိုင်းမှာ ကားတွေ (၂၅) မိုင်နှုန်းသာ မောင်းရတယ်။ မြန်လို့ကတော့ ပြစ်ဒဏ်ကကြီးတယ်။ ကျောင်းသားအတင်အချလုပ်နေချိန်မှာ ကျောင်းကားအချက်ပြမီး မှိတ်တုတ်မှိတ်တုတ်ပြထားရင် လမ်းဟိုဖက်သည်ဖက် ကားတွေအကုန် ရပ်ပေးထားရတယ်။

ကျောင်းတွေမှာ ဗိုလ်ကတော်ဆရာမတို့ လူကြီးကတော်ဆရာမတို့ဆိုတာမျိုး ထူးမရှိပါ။ အစိုးရခိုင်းတဲ့ပွဲလမ်းတွေမှာ ကျောင်းသူကျောင်းသားတွေက အင်အားပြဘို့ အခေါ်မခံကြရပါ။ နိုင်ငံခြားကလူကြီးတွေကိုကြိုဘို့ လေဆိပ်လမ်းဘေး အလံကိုင်တာလည်း အခိုင်းမခံရပါ။ ကျောင်းသားတွေကိုရော ဆရာရာမတွေပါ အစိုးရပါတီဝင်မှ ဦးစားပေးတယ်ဆိုတာ သူတို့ပညာရေးသမိုင်းမှာ မရှိပါ။

ပညာရေးကောင်းဘို့ မဲပေးကြပါစို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး