Minywa (4) မင်းရွာ (၄)

- ရွာက အုန်းပင် သစ်ပင်၊ တပ်အပ်ထင်ထင် ပြန်မြင်ချင်စမ်းပါဘိ။
- မြေသားလမ်း၊ လူသွားလမ်း၊ နွားဘူးခြုံတန်း၊ တမ်းတလွမ်းရပါ၏။
- ကျောက်တောင်ဖက်သွား ယမားချောင်းက လက်ယက်တွင်း ရေခပ်ဆင်းတာ သတိရပါ၏။
- မင်းရွာက ပြည်တော်သာကျောင်းမှာ စာအန်ချင်ပါ၏။
- ထွန်တုံးတက်စီး မောပန်းပြီး ထမင်းကြမ်းလှုံ့တာစားချင်လာပါ၏။
- သူငယ်ချင်းတသိုက်နဲ့ ကျည်းသားရိုက်ကြတာ အမှတ်ရပါ၏။
- ရွာဦးဘုန်းကြီးကျောင်းက သစ်ချိုပင်ပြန်မြင်ရလိုပါ၏။
- ကျွန်တော့ရွာမှာ အင်ဒီယာနာထက် ပိုပြီးနေချင်ပါ၏။

(ထမင်းကြမ်းလှုံ့ = ထမင်းကြမ်းကျော်)

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅
Photo by Tin Lay

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး