Worm and salt တီကောင်ကို ဆားနဲ့ပက်မိခြင်း

ဈေးကြီးလွန်းတဲ့ရွေးကောက်ပွဲစာမှာ ဗိုလ်နေဝင်းလက်ထက်ကတည်းက နိုင်ငံတကာကနေ အကြွေးတွေ အများကြီး ချေးယူထားကြောင်း၊ စစ်အစိုးရနဲ့ အခုအစိုးရလက်ထက်မှာတော့ တရုပ်ဆီကနေ အတိုးကြီးကြီးနဲ့ အများကြီးချေးတယ်လို့ ကိန်းဂဏန်းတွေနဲ့ရေးထားတာဖြစ်ပါတယ်။

ပုလဲ NLD ကနေ သတင်းပို့လာတယ်။ ဆရာ လက်ပုကန်မှာ ကြံ့ဖွတ်အမတ် ကိုတင်ဆွေ ဟောပြောသွားပုံလေး ဆရာကိုပြောပြပါရစေ။ မြန်မာပြည်မှာတင်နေတဲ့ ကြွေးမြီတွေတင်တာ ဗိုလ်ချုပ်အောင်ဆန်း ချေးခဲ့လို့တဲ့ အဲဒီ အကြွေးတွေဆပ်နေရလို့ တိုင်းပြည်မွဲနေတာတဲ့။ မွဲလို့ သူတို့လက်ရှိအစိုးရက ကြွေးမြီချေးရတာပါတဲ့။ ဗိုလ်ချုပ်ကို သူမို့ပြောရဲတယ်ဗျာ။

မိုက်ပါ့ကွာ။ ဆရာရေးလိုက်တာကို ချေပဘို့ကြိုးစားတာပဲ။ ဆရာ့အကြွေးစာက ထိတယ်ထင်တယ်။

ဆရာရယ် ထိသမှ တီဆားနဲ့တို့သလိုပဲ။ သူတို့အပြောတွေမှား အမှားတွေပြောဖြစ်ကုန်ပြီ။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး