The Audacity of Hope ဘာမထီတဲ့ မျှော်လင့်ချက်

ကျွန်တော်စာအုပ်တအုပ်ဖတ်နေပါတယ်။ အမေရိကန်သမတ (ဘာရက် အိုဘားမား) ရေးတဲ့ ဒုတိယမြောက်စာအုပ် ဖြစ်ပါတယ်။ ဘာမထီတဲ့ မျှော်လင့်ချက် သို့မဟုတ် အမေရိကန်အိပ်မက်ကို ပြန်မက်ခြင်းပါ။ သူ (ဆီနေတာ) ဘဝမှာ ရေးခဲ့တာပါ။ အကောင်းဆုံးရောင်းရစာအုပ်ဖြစ်ခဲ့ပါတယ်။

စာအုပ်ထဲမှာ အကြောင်းအရာတွေများပြီး၊ နောက်၂ နှစ်အကြာ၊ ၂ဝဝ၈ သမတအရွေးခံတဲ့အချိန်မှာ သူရေးခဲ့တာတွေကို ပြန်ပြီး အသုံးချခဲ့ပါတယ်။

ကျနော်တို့ ဒီရွေးကောက်ပွဲကို အဆိုးမြင်ဝါဒ နိုင်ငံရေးအမြင်နဲ့ ပါဝင်ကြမှလား၊ မျှော်လင့်ချက်နဲ့လား။ ကျနော်က အသားလွတ်အကောင်းမြင်ကို ပြောနေတာမဟုတ်ပါ။ စိတ်ဆန္ဒရှိရှိနဲ့ မသိနားမလည်သူအတွေးနဲ့ပြောနေတာပါ။ အလုပ်လက်မဲ့ကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေကို မပြောမဆိုပဲထားယုံနဲ့မပြီးနိုင်ဘူး။ ဒါနဲ့လည်းမဟုတ်သေးပါ။ ကျနော် ပြောနေတာက ခိုင်ခိုင်မာမာကြီးကြီးမားမားဖြစ်ပါတယ်။

ကျွန်တယောက် မီးဖိုဘေးမှာထိုင်ပြီး လွတ်မြောက်ရေးသီချင်းဆိုနေသလိုမျိုး၊
ပင်လယ်ကမ်းစပ်မှာထိုင်နေကြရတဲ့ တိုင်းတပါးကနေဝင်လာသူတွေရဲ့ မျှော်လင့်ချက်မျိုး၊
ရေတပ်သားလူငယ်တယောက် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ ကင်းလှည့်နေရင်းထားရှိတဲ့ မျှော်လင့်ချက်မျိုး၊
နွားနို့ညှစ်ရောင်းရတဲ့အမျိုးသမီးရဲ့သားတယောက် အရာရာကိုရင်ဆိုင်နေရသလိုမျိုး၊
နာမည်လှလှလေးနဲ့ ပိန်ကပ်နေတဲ့ကလေးတယောက်ကနေ အမေရိကဟာ သူ့မျှော်လင့်ချက်ပါလို့ ယုံကြည်နေသလိုမျိုး။

အခက်အခဲကြားကထားနေရတဲ့ မျှော်လင့်တာမျိုးပါ။ မရေရာမှုအောက်က မျှော်လင့်ချက်မျိုးပါ။ အဲတာ ဘာမထီတဲ့ မျှော်လင့်ချက်ပါခင်ဗျား။

မြန်မာပြည်သူတွေ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဘာမထီတဲ့မျှာ်လင့်ချက် ထားရှိကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၅

ကျွန်တော် တရွေ့ရွေ့ပြောင်းလဲဖြစ်စဉ်ကို ယုံကြည်တယ်။ သိပ္ပံနည်းကျလေ့လာခြင်းကို ယုံကြည်တယ်။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာကို ယုံကြည်တယ်။ နိုင်ငံရေးအရ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လွတ်လပ်စွာ ပြောဆိုခွင့်ကိုယုံကြည်တယ်။

ဒါပေမယ့် အစိုးရကနေ တစုံတယောက်ရဲ့ ဘာသာရေးယုံကြည်မှု (ကျနော်ယုံကြည်တာအပါအဝင်၊ ဘယ်ဘာသာကိုမှ မယုံသူတွေ) အပေါ်မှာ လွှမ်းမိုးမှုလုပ်တာကိုတော့ သံသယရှိပါတယ်။ (ဘာရက် အိုဘားမား)

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး