Car number plate ကားနံပါတ်

ဆရာ ကျနော်က မင်းတိုင်ပင်ရွာကပါ။့ သားပါခင်ဗျာ။

ဟာ ဟုတ်လား။ နေကောင်းကြလား။ ရွာအကြောင်းလေးတွေ ထူးရင်ပြောပါအုံး။

ဆရာ ခုမင်းတိုင်ပင်မှာ NLD လိုက်တဲ့ကားတွေလူတွေကို မှတ်တမ်းလိုက်ယူနေတယ်ကြားတယ်ဆရာ။ ကားတွေကိုလဲ သေချာပုံရိုက်ယူတယ်လဲပြောတယ်။ အဘဆိုတဲ့လူကြီးက ခိုင်းတာတဲ့ဆရာ။

မနက်ကပဲ မင်းတိုင်ပင်က လူရွယ်တယောက်နဲ့ ချတ် လုပ်သေးတယ်။ သူ့မေးတော့ သမိုင်းမရိုင်းစေရပါဘူးတဲ့။

ရန်ကုန်မှာ ဆိုက်ကားတွေ NLD အလံလေးတွေကိုယ်စီနဲ့အင်အားပြကြတုံးက ကျွန်တော်သုံးလိုက်တဲ့ပုံထဲ ဆိုက်ကားနံပါတ်ကို ယူပြီးချဲထိုးတော့ ပေါက်သတဲ့။ အခု အဘခေါ်ခံရတဲ့ဝန်ကြီးလည်း ချဲထိုးမလို့နေမှာပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး