We Are One (Ole Ola) ဒို့လူလေးများဆိုသလေ

ဇာတိ မြန်မာသိ နိုင်ငံရေးအသိရှိတဲ့ မင်းရွာက ပုံတွေကို ညီတော်မောင်က အများကြီးပို့လိုက်တယ်။ ကိုအံ့ကြီးဆိုတဲ့ မုဆိုးဘိုကိုဖွဲ့ဆိုတဲ့သီချင်းထဲကလို ပါရမီရှင်တွေပါထွက်နိုင်အောင် ကျွန်တော်နေတဲ့ ပုလဲက ကွက်သစ်ကို ပါရမီလို့ ကျွန်တော်ကပဲ နာမည်ရွေးပေးထားပါတယ်။

ဇာတိ ကမ္ဘာသိ ပါရမီရှင်တောင်ထွက်ခဲ့ဘူးတဲ့ (ထွက်ပေါ်မယ့်) ရွာကလေးပါ။

မွေ့တုံ-မင်းရွာကို မုံရွာကလည်းလာပြီးအားဖြည့်ကြတယ်။ မင်းရွာကနေ တောင်ဖက် မကွေးတိုင်း NLD စည်းရုံးရေးအတွက် ကျောက်ကန်ရွာကိုဆက်ပြီး အားဖြည့်ကြအုံးမယ်တဲ့။

ဒို့လူလေးများဆိုသလေ့။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅
We Are One (Ole Ola) ဆိုတာ ဘရာဇီးမှာကျင်းပတဲ့ ၂ဝ၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲတုံးက နာမည်ကြော်သီချင်း ဖြစ်ပါတယ်။ ဂျနီဖါလိုးပက်စ်နဲ့ ကလောဒီယာလစ်တေးတို့က သီဆိုခဲ့ကြတာဖြစ်ပါတယ်။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး