Reality check ကျန်းမာရေးစစ်ဆေးခြင်း
·
သတင်းဌာနတွေ မှိုလိုပေါက်လာတော့ တဝကြီးဖတ်နိုင်လာတယ်။
‘မှိုတိုင်းကတော့ မစားကောင်းပါ’။
·
‘ဆိုရှယ်ကွန်ယက်တွေ’ ပေါခြင်းသောခြင်းဖြစ်လာတော့ ပိုမြင်ရတယ်။
‘မြင်မြင်သမျှ အသုံးကျတာတော့မဟုတ်ပါ’။
·
‘စက်ဝိုင်းထဲက ထွက်ကြည့်ကြပါ’ လို့ ပြောကြတာရှိတယ်။
·
အပြင်ထွက်ရမှ ကိုယ့်တိုင်းပြည်ဟာ ဆီးရွက်လောက်သာရှိတာ
ပိုသိလာတယ်။
·
အပြင်မှာကြာကြာနေလေ ကိုယ့်တိုင်းပြည်ဟာ ခြူခြာလေလေဆိုတာပါ
သိလာရတယ်။
·
အဝေးနေရတော့ ဆွေးစရာတွေရော၊ ‘ဆွေးနေတာတွေ’ ပါ ပိုမြင်လာရတယ်။
·
ဒါပေမဲ့ အပြင်ကအမြင်ဟာ တခါခါမှာပကတိဖြစ်စဉ်နဲ့ တက်တက်စဉ်လွဲတတ်တယ်။
·
အဝေးကအမြင်ဟာ တခါတခါမှာ အရှိဖြစ်စဉ်နဲ့ အံဝင်ဂွင်ကျမဖြစ်တတ်ပါ။
·
ဗမာပြည်ကြီး ဆီးရွက်မကကြီးပါစေ၊ ကျန်းမာချမ်းသာပြီး
အဆွေးတွေလဲ ကင်းဝေးပါစေ။
ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၄
Comments
Post a Comment