Books and libraries စာနဲ့ကာကွယ်ပါ

Books and libraries စာနဲ့ကာကွယ်ပါ

• မနေ့က ဆရာဝန်လင်မယား ကာကွယ်ဆေးထိုးသွားရတယ်။ ဘယ်ဖက်၂ ချက်၊ ညာဖက်သုံးချက်။ တုပ်ကွေးအတွက်လဲပါ၊ အသည်းရောင် အေနဲ့ဘီလဲပါ။ ဒီခါက ဒီကိုရောက်ပြီးနောက်မှာ ဒုတိယအကြိမ် ထိုးရတာ။ ရောက်ရောက်ချင်းက ၆ လုံးထင်တယ်။ ကာကွယ်ဆေးအကြောင်း ရေးမှာမဟုတ်ပါ။
• ကာကွယ်ဆေးထိုးဘို့သွားရတဲ့နေရာမှာ စိတ်ဝင်စား အားကျစရာလေးတခုတွေ့ခဲ့ရလို့ပါ။
• စောင့်ရတဲ့နေရာမှာ စာအုပ်စဉ်ထားပေးတယ်။ ကလေးတွေအတွက်စာအုပ်တွေပါ။ လျှောက်ကြည့်ပြီး စာအုပ်တအုပ်ကို ယူဖတ်တယ်။ စာအုပ်ပြန်အထားမှာ သတိထားမိတဲ့စာတမ်းလေးက “၂-၃ အုပ် ယူသွားနိုင်ပါတယ်” လို့ အင်္ဂလိပ်လို၊ စပိန်လိုနဲ့ မြန်မာလိုရေးထားတယ်။
• ပညာအတွက် ကလေးငယ်တွေကို နေရာတိုင်းမှာဦးစားပေးထားတယ်။ စာကြည့်တိုက်မှာလဲ ကလေးတွေအတွက် နေရာပေးထားတာ အကျယ်ကြီး အများကြီး။ စာအုပ်တွေကို ငှားရတာတာလဲ လွယ်မှလွယ်။ ပြန်အပ်တာက ပိုတောင်လွယ်သေး။ စာကြည့်တိုက်ထဲ ဝင်နေစရာတောင်မလိုပါ။ နံရံမှာ “ပြန်အပ်ရန်” ဆိုတဲ့စာတမ်းနဲ့ အပေါက်နှစ်ခုထားပေးတယ်။ ထည့်လိုက်ယုံပဲ။ စီဒီ၊ ဗီစီဒီ တွေကို ပြန်အပ်ဘို့တော့ စာကြည့်တိုက်အတွင်းမှာ ပုံတခုထားပေးတယ်။ ထည့်လိုက်ယုံပဲ။
• ကာကွယ်ဆေးထိုးရင်း မြန်မာပြည်မှာ လူတွေအလိုကျ မအုပ်ချုပ်တဲ့အစိုးရတွေရန်ကနေ ကာကွယ်ဘို့ရာ စာအုပ်တွေကသာတတ်နိုင်လိမ့်မယ်လို့ ထင်မိလာစေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၄ 

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး