Amphetamines (2) ရာမ ဇာတ်လမ်းတခု




ဆရာရှင့် ကျွန်မနာမည့့် လို့ခေါ်ပါတယ်ရှင့်။ ရန်ကုန်မြို့ တွင်နေထိုင်ပါသည်။ ဆရာ့ရဲ့ ဘလော့ ကို အခုဖတ်ရှုခွင့် ရခြင်းပာာ ကျွန်မအတွက်တော့ မျှော်လင့်ချက်အလင်းတန်းတခုကို ရုတ်တရက် တွေ့မြင်လိုက်ရသကဲ့သို့ ခံစားရပါတယ်ရှင့်။ ဒါပေမယ့် ကျွန်မရဲ့ မိုက်မဲမိခဲ့သမျှတွေပာာ အခုအချိန်မှာ နောင်တတွေနဲ့အတူ မျက်ရည်တွေနဲ့အတူ နောက်ကျခဲ့ရပြီ။ အချိန်နှောင်းခဲ့ရပြီလား မသိတော့ပါဘူးဆရာရှင့်။ ကျွန်မပာာ အခုဆိုရင် ကိုယ်ဝန်လွယ်ထားတာ ခုနှစ်လကျော် ရှစ်လနိးပါးရှိပါပြီရှင့်။ ဒါပေမယ့် ကျွန်မပာာ မူးယစ်ဆေးရဲ့သားကောင်ဖြစ်ခဲ့ပါတယ်။ ရာမ လို့ခေါ်တဲ့ စိတ်ကြွဆေးပြားများကို ကိုယ်ဝန်စလွယ်ထားစဉ်ကတည်းက နေ့စဉ်နေ့တိုင်းမပာုတ်ပေမဲ့ တစ်လလုံးလျှင် ခုနှစ်ရက်မှ ဆယ်ရက်ခန့် သုံးစွဲရှူရှိုက်မိပါသည်။ ကျွန်မရဲ့ မိုက်မဲမှု အသိပညာလေ့လာလိုက်စားမှူ ဗပာုသုတ လျော့နဲမှုများကြောင့် ကိုယ်ဝန်ဆောင် ဒီလိုမူးယစ်ဆေးဝါးသုံးစွဲတာ သန္ဓေသားကို ဘာ side-effect မှ သွားမပေးနိုင်လောက်ဘူးလို့ ထင်ခဲ့မိပါတယ်။ အတော်ဆုံးဆိုတဲ့ OG နဲ့ အပ်ပေးထားတဲ့ တောက်လျောက်မှာလည်း မိခင်ကျန်းမာရေးရော ကလေး ကျန်းမာရေး ဖွံ့ဖြိုးမှုအခြေအနေတွေပါ ဖွံဖြိုးတိုးတက် ကောင်းမွန်ခဲ့တော့ လွယ်လွယ်လေး တွေးပြိး ပေါ့ပေါ့လေး နေခဲ့မိပါတယ်ဆရာ။ သွေးတွေစစ်တော့လည်း ကိုလက်စထရောနည်းနည်းလေးများနေတာကလွဲလို့ ကျန်တဲ့ ဆေးစစ်ချက်တွေ အားလုံး OK ဆိုတော့ သတိမမူပဲ နေခဲ့မိပါတယ်။ အခု မွေးခါနိးလာတော့မှပဲ stress တွေနဲ့အတူ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေ ပြည့်နှက်နေခဲ့ပါပြီ။ မိသာစု ကိုယ့်မိသားစုကိုလည်း ဒီအကြောင်းအရာဆိုးကြီးကို ချမပြချင်တော့ပါဘူးဆရာ။ 

ကိုယ်တိုင်လည်း ကြောက်ရွံနာကျည်းစွာနဲ့အပြီးသတ်ရုန်းထွက်ခဲ့ပါပြီ။ ကယ်ပါဦးဆရာ။ ကျွန်မလို အဖြစ်ဆိုးမျိုးနဲ့ အမျိုးသမီးတွေ ဒီလောကထဲမှာ ဒီအသိုင်းအဝိုင်းထဲမှာ အများကြီး ရှိနေပါတယ်။ အဲဒါကြောင့် ဘယ်လိုဆိုးကျိုးတွေဖြစ်မလဲ။ ဘယ်လိုကြိုတင်ပြင်ဆင်မှုမျိုးတွေ ပြင်ဆင်ထားရမလဲ။ ဆရာ့ ဆေးပညာ အတွေ့အကြုံကောင်းတွေနဲ့ ဖေးမပေးပါဆရာရယ်။ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲဆိုတာကို ကျွန်မ ရင်နင့်စွာနဲ့ ဆရာ့အဖြေကို စောင့်မျော်နေပါ့မယ်။ ဒီအကြောင်းအရာ ဗပာုသုတနဲ့ပတ်သတ်ပြီး ကျွန်မတို့ တိုင်းပြည်မှာ တော်တော်လေးကို ဗပာုသုတ နည်းကြသလောက် အဲလိုဖြစ်ပျက်နေတဲ့ လူတန်းစား တော်တော်များများ ရှိနေပြီဆိုတာ ကိုယ်တွေ့ပါဆရာ။ မျှဝေပြီး ကယ်တင်ပါဦးဆရာ။ အခုအချိန်မှာ ကျွန်မဘာမှ မတတ်နိုင်တော့ဘူးလား ဆရာ။ ကျွန်မ ဘာလုပ်ရမလဲ ဆရာ။ ကျွန်မ နောင်တတွေ အရှုံးတရားတွေနဲ့ ငိုနေရပါ့ပြီဆရာ။ ဆရာ့ကို ရိုသေစွာ ကျေးဇူးတင် ဦးထိပ်ထားလျက်။

ကိုယ်ဝန်ရင့်လာပြီမို့ သိပ်မစိုးရိမ်ပါနဲ့။ အာလ်ထွာဆောင်းလဲရိုက်ထားလို့ မြင်သာတဲ့ချို့ယွင်းချက်ရှိနေရင် ပေါ်လာမှာပါ။ ကျန်တာတော့ ရှိနေအုံးတော့ အခုအချိန်မြှ ပြုပြင်လို့ မရလောက်ပါ။ အပြုသဘောဆောင်ပါ။ နောင်တဆိုတာထက် သင်္ခန်းစာယူပါ။ HIV ရှိသူတွေတောင်မှာ အများအကျိုးပြု HIV-AIDS ရောဂါကာကွယ်ရေးတွေမှာ ပါပြီးလုပ်နေကြတာ ချီးကျူးစရာကောင်းပါတယ်။ အဲလိုဘဲ ကိုယ်လို တခြားလူငယ် အမျိုးသမီးတွေမှာ မဖြစ်စေအောင် ကူညီမှုနဲ့ ကံတရား ကောင်းအောင်လုပ်သင့်ပါတယ်။ စိတ်ဖိစီးမှုဖြစ်မှာ အမှန်ပါ။ လက်လှမ်းမီရာ သင့်မဲ့ဆေးဆောင်နိုင်အောင် Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း စာတပုဒ်ပို့ပါတယ်။

ရာဘ (ယာဘ) လို့ခေါ်တဲ့ Amphetamines (အင်ဖက်တမင်း) မူးယစ်ဆေးကို ကိုယ်ဝန်ဆောင်မှာသုံးစွဲရင် သန္ဓေသားကို ထိခိုက်နိုင်တယ်။
• FDA သတ်မှတ်ချက်အရ C အဆင့်ဖြစ်တယ်။ ဆိုလိုတာက တိရစ္ဆာန်တွေမှာ မွေးရာပါချို့ယွင်းချက် ဖြစ်တယ်။ လူတွေကိုတော့ တိတိကျကျဖြစ်မယ်လို့ ကောက်ချက်မရှိသေးပါ။
အစီရင်ခံစာတွေအရ ကိုယ်ဝန်ဆောင်မှာ ယာဘ သုံးသူတွေမှာ စောမွေးတယ်၊ ကလေးအလေးချိန်နည်းမယ်၊ ဖွံထွားမှုနည်းတယ်၊ နှလုံးချို့ယွင်းချက်ရှိတယ်၊ မွေးပြီးသွေးဆင်းတာလဲ ဖြစ်တယ်။
ဆေးကအလွန်စွဲတယ်။ ဆေးစွဲနေသူက ရုတ်တရက်ဖြတ်ရင် ဆေးဖြတ်လက္ခဏာတွေခံရလို့ ချက်ချင်း ဖြတ်နည်းကို သုံးလေ့မရှိပါ။
မွေးပြီးလို့ကလေးနို့တိုက်ရင်လဲ နို့ထဲကိုဆေးရောက်တယ်။ နို့စို့ကလေးကို စိတ်ကျရောဂါ၊ အအိပ်ခက်တာနဲ့ ADHD ရောဂါတွေရလာစေနိုင်တယ်။ အားနည်းတာနဲ့ စိတ်တိုတာလဲဖြစ်တယ်။
အစီရင်ခံစာတခုထဲမှာ ကလေးကိုယ်အလေးချိန်သာမက အရပ်နဲ့ ခေါင်းအတိုင်းအတာနည်းတာတွေ့ရတယ်။
လေ့လာမှုတခုမှာ amphetamine သုံးစွဲတဲ့ မိခင်ကမွေးတဲ့ ကလေး ၆၅ ယောက်ကို ၁၉၇၆-၇၇ အတွင်းက လုပ်ထားတယ်။ ကလေးတွေအသက် ၁၊ ၄ နဲ့ ၈ နှစ်မှာပြန်လေ့လာတယ်။ ၁ဝ နှစ်မှာ ကောက်ချက်တွေဆွဲတယ်။ အများအားဖြင့် normal intellectual capacity ပုံမှန်ဥာဏ်ရည်ရှိတယ်။ ၁ဝ နှစ်သားတွေထဲက ၁ဝ% ကတော့ အတန်းတတန်းနိမ့်တာမှာသာ စာသင်ကြရတယ်။ ၄ နှစ်သားတွေထဲက ၃၅% ဟာ aggressive behavior ကြမ်းတမ်းစိတ်ရှိနေတယ်။ ၈ နှစ်မှာ အဲလိုဖြစ်နေတာ ၂၃% ရှိတယ်။ အသက် ၄-၈ နှစ်အတွင်းမှာ poor adjustment ထိန်းညှိတတ်မှုအားနည်းကြတယ်။ အရပ်ပုပြီး ပိန်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး