My wish ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်

• ပုလဲကလာတဲ့ တမ်းချင်း၊ ကျွန်တော့်ဆီကပို့တဲ့ လွမ်းချင်း၊
• လူချင်းက မမြင်ကြပေမဲ့ ရင်ခြင်းကအတူတူ၊
• မြူနှင်းထူဆောင်းလ၊ ဖုန်သဲထူနွေလ၊ ချောင်းရေကျမိုးလတွေမှာ၊
• ဝေဒနာတွေကိုကုစား၊ စေတနာတွေကို ရယူခံစားပြီး၊
• ဆန္ဒမဲတွေပေးအပ်ထားတဲ့ ပုလဲသားတယောက်၊
• အနောက်ကမ္ဘာ ရောက်ကာနေတာမို့ အရောက်သာပြန်လှည့်ပါလို့၊
• တယောက်မကပါ ဖိတ်စာပို့လာကြ၊
• မရိုးမရွနဲ့ ခြေမကြွနိုင်သေးခင်၊
• မေတ္တာရေစင်သာ အရင်ပို့နိုင်သေးရဲ့၊
• နယ်သူနယ်များအစုံအညီ ဘေးမခရန်မသီ၊
• ကျန်းမာခြင်း ချမ်းသာခြင်းတွေနဲ့ တလုံးတဝ ပြည့်ကြစေချင်သည်။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး