Men’s Medicines ယောက်ျားတွေ မေးတဲ့ဆေးများ




အခု ယောက်ျားတွေမေးလာတဲ့ဆေး (၄) မျိုးအကြောင်းရေးပါမယ်။ ကြော်ညာအမျိုးဆေးတွေပါ။
1.     Perfomaxx ဆေး၊
2.     Diem Oil ဆေး၊
3.     Xanogen ဆေး၊
4.     Vimax ကျားလိင်အင်္ဂါဆေး။

၁။ Perfomaxx capsule ဆေးတောင့်ဟာ (ဟာဗယ်လ်) ဆေး၊ ယောက်ျားတွေအတွက် လိင်အရေးအားပေစေတယ်၊ ဘေးထွက်-ဆိုးကျိုးလဲမရှိဘူး၊ လိင်စိတ်ကဲစေ၊ လိင်ခွန်အားများစေ၊ လိင်အင်္ဂါ ရှည်-ကြီးစေတယ်လို့လဲ ဖြစ်စေချင်တာ မှန်သမျှ အကုန်ရတဲ့သဘောရေးထားပါတယ်။ ဘယ်သူမှ မလွတ်စေရအောင် ဖျော်ရည်နဲ့လဲရ၊ အရက်နဲ့သောက်လဲ ရပါသတဲ့။ သက်ရောက်မှုကလည်းချက်ချင်းလာတယ်တဲ့။ ဒီခေတ် ဈေးနုန်းတွေရေးသလို ဒဿမ ၉၈-၉၈ နဲ့၊ ၃၉ မိနစ်တဲ့။ တကယ် ဆရာဝန်တွေကနေညွှန်တဲ့ Viagra, Cialis or Levitra ဆေးမှန်သမျှထက်လဲသာသေးတယ်။ နှိုင်းယှဉ်ထားတဲ့ ကိန်းဂဏန်းတွေလဲဇယားချ ပြထားပါသေးတယ်။ ကြော်ညာဆေးလို့ ပြောပါရစေ။

 
၂။ Duroil ဆိုတာကတော့ ကျား-လိင်အင်္ဂါကို နှိပ်နယ်ဘို့သုံးနိုင်တဲ့ အဆီတမျိုးဖြစ်တယ်။ အရှေ့နဲ့ အနောက်နည်းတွေ ပေါင်းစပ်ထားတယ်။ သူကတော့ သန်မာမှုကိုပိုစေမယ်၊ အရွယ်အစား ကြီးထွားစေမယ်၊ သုက်လွှတ်စေတာ နှေးစေမယ်လို့ ဆေးကြော်ညာကဆိုပါတယ်။

သုံးသပ်ချက်ပေးရရင် ဖတ်လို့ကတော့ ကောင်းတာတွေချည်းပါဘဲ။ ကျွန်တော်တို့လိုဆရာဝန်မျိုးတွေက ညွှန်းတာမျိုး မဟုတ်ပါ။ သူများပြောတာကိုပညာပိုင်းအရဝေဖန်တဲ့အခါ သံသယမျက်စိနဲ့ အရင်ကြည့်ပါတယ်။ ဆီအမျိုးမျိုးကိုသုံးပြီး ဘယ်နေရာမှာဖြစ်ဖြစ် နှိပ်နယ်ကြရာမှာ မြန်မာ့ရိုးရာမုံညင်းဆီ၊ နှမ်းဆီ၊ မြေထဲပင်လယ်ဒေသမှာသံလွင်ဆီ၊ အန္ဒိယမှာ မုံညင်းဆီစသဖြင့် သုံးကြတယ်။ အပြင်ကနေသက်ရောက်မှုအတွက် ဆီတွေဟာသိပ်မကွာလှပါ။

နှိပ်နယ်ခြင်းလုပ်ပေးတာ အကျိုးရှိပါတယ်။ လိမ်းတဲ့အရေပြားအောက်ကို စုပ်ယူသွားရာကနေ သွေးထဲရောက်တယ်။ နှိပ်ပေးရင် သွေးလျှောက်တာ ပိုများစေမယ်။ နှိပ်ပေးတာဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သလိုသဘောမျိုးဘဲ။ လှုတ်ရှားပေးရင် အဆစ်တွေ ညောင်းနေတာမဖြစ်ဘူး။ သွေးပိုလျှောက်လို့ အဆိပ်အတောက် ဖယ်ရှားပေးတာ ပိုကောင်းစေတယ်။ ဆက်လုပ်စရာအလုပ်အတွက် အဆင်သင့်ဖြစ်စေမယ်။ ဒါတွေကမှန်တာတွေပါ။

ကျား-လိင်အင်္ဂါမှာတကယ်တော့ ကြွက်သားမရှိပါ။ ဆက်စပ်နေတဲ့ ကြွက်သားတွေတော့ ရှိတယ်။ ဒါတွေကအထဲထဲမှာ၊ ဆီမရောက်နိုင်ဘူး။ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်းဆိုတာမှ အတွင်းထဲက ကြွက်သားနဲ့ အရွတ်တွေကို သန်မာအောင်လုပ်ပေးနိုင်တယ်။ သဘာဝဆီတခုခုသုံးတာဟာဟော်မုန်းတွေ (စတီရွိုက်) ဆေးတွေထက် စိတ်ချရပါမယ်။ ကြော်ညာသလာက် ထိရောက်-မရောက် သုံးကြည့်မှ ပြောနိုင်ပါမယ်။ လက်တွေ့သုံးသူလမ်းလှမ်းမီရာမှာတော့ မတွေ့သေးပါ။ ကိုယ့်လက်လှမ်းကတိုတာလဲဖြစ်ပါမယ်။

သောက်ဆေးကိုတော့ သတိထားစေချင်ပါတယ်။ အထူးသဖြင့် အသဲမကောင်းသူတွေ (ဟာဘယ်) ကိုသတိထားကြရမယ်။ အသဲကောင်းနေတယ်ဘဲထားပါတော့ ကြော်ညာသလောက်တော့ ဟုတ်ပါ့မလားသံသယရှိပါတယ်။ သေခြာတာတခုကကျားအင်္ဂါ အရွယ်အစား၊ သန်မာမှု၊ စိတ်နည်းမှု၊ သာယာမှု ဆိုတာတွေကိုဆေးတမျိုး-တမယ်ထဲနဲ့ မရနိုင်ပါ။ ဖြစ်စေ၊ ပျက်စေတဲ့အခြေခံအကြောင်းတရားတွေကမတူကြလို့ပါ။ ဒါကြောင့် ကုနည်းလဲမတူနိုင်ပါ။ ဒီအရေးတွေရဲ့ အခြေခံဟာရုပ်၊ စိတ် နဲ့ ဟော်မုန်း (၃) မျိုး ဖြစ်ပါတယ်။ ရုပ်ထဲမှာမျိုးဗီဇနဲ့ မိမွေးတိုင်းဆိုတာကို ပြင်လို့ အခက်ဆုံးကနေ မရနိုင်တာအထိရှိတယ်။ စိတ်ဆိုတာလဲခက်တဲ့အထဲမှာပါတယ်။ ဟော်မုန်းကိုတော့ နည်းလမ်း မှန်မှန်ပေးရင် ရနိုင်တယ်။

 
Sex shop ထဲကိုဝင်ကတည်းကလိင်စိတ်က နိုးကြားနေတတ်တယ်။ တခုခုဝယ်သုံးတော့ အနည်းဆုံး ယုံကြည်စိတ်ကနေ အားတက်စေတယ်။ စိတ်ပိုင်းသက်ရောက်မှု တန်ခိုးဟာ ကြီးမားပါတယ်။တချို့ကိုယ့်ကိုယ်ကိုလျှော့တွက်သူတွေလဲရှိတယ်။ တကယ်ဆေးကုသဘို့လိုသူတွေကို (ပရော်ဖက်ရှင်နယ်လ်) ကျကျ အကြံပေးရရင် သက်ဆိုင်ရာအထူးကုဆရာဝန်နဲ့ စစ်ဆေးမှု၊ ကုသမှုလုပ်သင့်ပါတယ်။ ဆေးကုသနည်းမှန်ရင် လုံးဝပျောက်ကင်းသွားတာ၊ သက်သာ-ကောင်းမွန်လာတာတွေ သေခြာပေါက် ဖြစ်ပါတယ်။

တခြားနေရာတွေပါ လေ့လာတော့ -
• ဆေးကြော်ညာအညွှန်းမှာရေးထားသလိုကျားလိင်အင်္ဂါကို ၁၅ မိနစ်တာဆီလိမ်းပြီး နှိပ်နယ်ပေးရင် ဘယ်ဆီဘဲသုံးသုံး ဘယ်သူကနေဘဲ နှိပ်နယ်မှု လုပ်ပေးပေး၊ ပန်းသေပန်းညှိုးရောဂါ မရှိရင် အင်္ဂါသန်မာလာမှာပါ။
• လက်တွေ့ကျတာတခုကဘယ်သူကနေလိင်မဆက်ဆံခင်မှာ ၁၅ မိနစ်ကြာအောင် နှိပ်ပေးနိုင်မလဲ။ ဒီနေရာအတွက် အနှိပ်သည်လဲမရှိဘူးထင်ပါတယ်။
• သိပ္ပံနည်းကျပြောရရင် ဒီကမ္ဘာမှာလိင်အင်္ဂါကိုရာသက်ပန် ကြီး-ရှည်စေမဲ့ဆေးနည်းမရှိသေးပါ။
• ဆေးထဲမှာပါတဲ့ Medicinal Leech ဆိုတာကို အန္တရာယ်ရှိလေမလားလို့ လေ့လာနေပါတယ်။ Skin grafts and burns မီးလောင်နာအရေပြားအစားထိုးရာမှာသာသုံးပါတယ်။
• YlangYlangဆိုတာကို Aphrodisiac လိင်စိတ်အားပေးစေတယ်လို့ လက်ခံသူများပါတယ်။ ဒါပေမဲ့ အရွယ်အစားကို မသက်ရောက်ပါ။
• လိင်အင်္ဂါထိပ် ကွမ်းသီးခေါင်းဟာမှိုပွင့်ကြီးလိုဖြစ်လာမယ်လို့ ရေးတာလွန်သလား၊ လွဲသလားမသိပါ။ လေ့လာမှုတွေအရ အမျိုးသမီးအများစုက ဒီလိုမှိုပွင့်ကို နှစ်သက်တယ်လို့ လက်မခံကြပါ။

ဆေးရောင်းသူတွေကတော့ ဝယ်ချင်လာအောင် ကောင်းတောတွေသာရေးထားတာဖတ်ရတယ်။လိင်အင်္ဂါကြီးထွားလာတယ်လို့ ထင်ရစေမယ်ဆိုပြီး ဆေးကြော်ညာမှာရေးတယ်။ ၁ဝဝ% စိတ်ချရတယ်လို့လဲပါသေးတယ်။ ဆေးကြော်ညာထဲကအမေး-အဖြေတွေမှာတော့ အတော် မတူကြတာမျိုးတွေ ဖတ်ရတယ်။
• Xanogen and high factor တွေကနေကျားအင်္ဂါကိုပိုကြီးစေသလား။ မဟုတ်ပါ။
• High injections ထိုးဆေးကကျားအင်္ဂါကိုပိုကြီးစေသလား။ မဟုတ်ပါ။ပိုဆိုးလာေးတယ်။
• Penis pumps စုပ်စက်ကနေကျားအင်္ဂါကိုပိုကြီးစေသလား။ ယာယီတော့ ကောင်းမယ်။ သွေးတွေဝင်လာချိန်မှာကောင်းပြီး ပြန်ထွက်သွားရင် နဂိုလိုဖြစ်မယ်။
• တိုင်းရင်းဆေးတွေရှိပါတယ်။ ဆွဲဆန့်ကရိယာလဲရှိတယ်။ လေ့ကျင့်ခန်းလုပ်နိုင်တယ်။ ဆေးလုံးတွေလဲရှိတယ်။ နောက်ဆုံး ခွဲစိတ်ပြုပြင်နိုင်တယ်။
(၃) Xanogen ဆေးအပါအဝင် ကျား-လိင်အင်္ဂါ ကြီး-ရှည်-သန်စေတယ်ဆိုပြီးကြော်ညာတဲ့ဆေးတွေဟာ (အင်တာနက်) ရောင်းကုန်တွေ ဖြစ်တယ်။ ဆေးဆိုင်တွေမှာတရားဝင်ခွင့်ပြုချက်နဲ့ ဆရာဝန်လက်မှတ်နဲ့ ရောင်းတာမျိုးမဟုတ်ပါ။ သုတေသနနဲ့ လေ့လာဆန်းစစ်မှုတွေကိုလိုက်ရှာတော့ ၂ မျိုးတွေ့လာတယ်။

နောက်တမျိုးတွေ့ရပြန်တယ်။ Xanogen ဆေးထဲမှာရိုးရာလိင်အားပေးဓါတ်တွေ ပါတယ်။ ဥပမာ horny goat weed and muirapuama (potency wood) တွေဖြစ်တယ်။ လိင်စိတ်ကိုအားပေးတယ်။ အသက်ကြီးလို့နဲ့ တခြားကြောင့် စိတ်နည်းနေသူတွေအတွက် ကောင်းတယ်။ L-arginine နဲ့ Gamma-Aminobutyric Acidတွေကသွေးလည်ပတ်မှုကို ပိုကောင်းစေတယ်။ ဟော်မုန်းလဲပိုထွက်မယ်။ ကြော်ညာထဲမှာရေးထားမျိုးထဲမှာ ၃ ပါတ်နေရင် ၃ လက်မပိုရှည်စေတယ်လို့ တမျိုးပါထားပေမဲ့ အဲလိုဖြစ်မှာကိုအာမမခံချက် မဖတ်ရပါ။

(၄) Vimax ကျားလိင်အင်္ဂါဆေး
Vimax ဆိုတဲ့ ကျားလိင်အင်္ဂါအတွက် (အွန်လိုင်း) ဆေးကြော်ညာကိုဖတ်ရင် အားလုံးကောင်းပါသည်ခင်ဗျားသာ တွေ့ရပါမယ်။
• ၃ လအတွင်း ၃-၄ လက္မပိုရှည်မယ်။
• ပိုပြီးသန်မာတောင့်တင်းမယ်။
• လိင်ဆန္ဒပိုကဲမယ်။
• သုက်လွှတ်စောတာပျောက်ကင်းမယ်။
• ပြီးတာကလဲပိုကဲမယ်။
• အဖေါ်ကိုကောင်းကောင်းဆွဲဆောင်မယ်။

အမေရိကန် American Urological Association က ပြောခွင့်ရှိသူ Dr. Ira Sharlipပြောတာကတော့ "လိင်အင်္ဂါ သန်မာဆေးဆိုတာမျိုး တကယ်မရှိပါ။ အမြတ်အစွန်းအတွက် ရောင်းနေကြာတာပါ။ သိပ္ပံနည်းကျ သက်သေပြနိုင်တာ မရှိပါ။ "ဒီဆေးဈေးကွက်ထဲရောက်လာတာကနေဒါမှာ ၂ဝဝ၁ ကတည်းကပါ။ (ဝက်ဘ်ဆိုက်) ပိုင်ရှင်ကရောင်းရတဲ့အထဲက ကော်မရှင် ၅ဝ% ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး