Pottery hands ပုံလောင်းပေးတဲ့လက်

• ကနေ့ ကမ္ဘာ့ကြက်ခြေနီနေ့။ မကြာသေးခင်က ‘ကင်းထောက်’ ကို အသက်ပြန်သွင်းလာတာ တွေ့ရတယ်။
• လူတိုင်းဟာ ငယ်စဉ်ဘဝမှာ ပုံသွင်းလောင်းပေးတာ၊ ထုဆစ်ပေးတာမျိုး၊ တွေ့ကြရတယ်။ မိဘတိုင်းက ကိုယ့်သားသမီးလေး မွေးလာကတည်းက လောကကြီးမှာ အကောင်းဆုံး၊ အတော်ဆုံးလူသားလေး ဖြစ်စေချင်ကြတာချည်းပါဘဲ။
• လူ့လောကထဲ ရောက်လာပြီဆိုတာနဲ့ သွန်သင်မှုတွေ၊ ထိန်းကြောင်းမှုတွေ၊ ပဲ့ပြင်ဆုံးမတာတွေနဲ့ မိနစ်မလပ် တွေ့လာရပါပြီ။ ဝန်းကျင် ကျယ်ပြောလာလေလေ သင်ဆရာ-မြင်ဆရာ-ကြားဆရာတွေ များလေလေ။ ကျောင်းနေအရွယ်ကစပြီး စည်းကမ်းတွေ၊ သင်ကြားမှုတွေကနေ ပုံသွင်းပေးတာရှိလာပြီ။
• စာသင်ကျောင်းတွေ၊ သင်တန်းတွေကနေ ပညာရေးစနစ်၊ လူ့အသိုင်းအဝန်းလိုအပ်ချက်နဲ့ နိုင်ငံရေးအရ ပုံသွင်းပေးပါမယ်။
• မြန်မာနိုင်ငံမှာ ပညာရေးစနစ် ချွတ်ချော်တိမ်းပါးခဲ့တာ နှစ်တွေအများကြီးကြာခဲ့တယ်။ လူ့အသိုင်းအဝန်းက ယိုင်နဲ့လာတာလဲ ကြာပါပြီကော။ နိုင်ငံရေးဆိုတာက အဆိုးဆုံးပေါ့။
• လူငယ်အရွယ်မှာ အသင်းအဖွဲ့တွေ၊ သင်တန်းတွေ၊ စခန်းသွင်းလေ့ကျင့်ပေးတာတွေရှိလာပြီ။ ‘စကောက်’ ခေါ်တဲ့ ‘ကင်းထောက်’ နဲ့ ‘ကြက်ခြေနီတပ်ဖွဲ့’ သာ အဓိကရှိနေရာကနေ၊ ‘မဆလ’ ခေတ်မှာ အရွယ်အလိုက် လူငယ်မျိုးစုံ ဆိုပြီး ပြောင်းလိုက်တယ်။
• ကနေ့လူကြီးတွေ အများစုဟာ အဲဒီ ပုံသွင်းတာတွေကနေကြီးလာကြတယ်။ ပုံဟောင်းကြီးနဲ့လူတွေက များနေလို့ တိုင်းပြည်ကြီး မကောင်းနိုင်သေးတာဖြစ်တယ်။
• လူရွယ်လူသစ်တွေ ပုံသစ်သွင်းခံနေရတာ သတိထားကြပါ။ လက်ဟောင်းကြီးတွေက ဆေးရောင်ပြောင်းပြီး ပုံဟောင်းထဲ သွင်းနေတာကို ခံနေရသလား သိကြပါ။
• အနာဂတ်ကို ပိုင်ဆိုင်သူတွေ၊ ပုံလောင်းဆရာ ရွေးတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး