Rising sun သာတဲ့လ ဖြာတဲ့နေ ကြွေတဲ့အရွက်
နေရတဲ့အရပ်မှာ
နေတက်လာ အရွက်ဝါတွေကြွေ၊
ကိုယ့်မွေးမြေမှာ
ညအခါ လသာနေ၊
သည်နေ
သည်လ၊ အတူတူသာပ၊
ညတလှည့်
နေ့တလှည့်ကျ၊ အတူတူသာပ၊
နေရတာဝေးလှပေမဲ့
အတွေးမှာ အတူတူသာပ၊
အရှေ့ရပ်က
တက်လာတဲ့နေဟာ မြန်ပြည်ကိုသွားနေတာငါသိရ၊
ဒီကအနွေးဓါတ်နဲ့
အတွေးဇာတ် ကိုယ့်အရပ်ကိုသယ်သွားမယ်ဆိုတာလဲ ငါတကယ်သိပ။
ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၄
Comments
Post a Comment