Food Stamp အစားအသောက်ကဒ်



• အမေရိကကို မြန်မာပြည်က အခြေချနေထိုင်ဘို့ ရောက်လာသူတိုင်း ရောက်ရောက်ချင်း ခံစားခွင့်တွေပေးတဲ့ Food Stamps အစားအသောက် ဈေးဝယ်ခွင့်ကဒ်၊ Medicaid အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ SSI ပင်စင်ခံစားခွင့်တွေ ရကြပါမယ်။
• ပြည်နယ်တွေ မတူကြပါ။ အင်ဒီယာနာပြည်နယ်ကို ဥပမာပေးပါရစေ။ Family and Social Services Administration (FSSA) အောက်ကနေ Supplemental Nutritional Assistance Program (SNAP) အစီအစဉ်နဲ့ လုပ်ပေးတာဖြစ်ပါတယ်။ ဝင်ငွေနည်းသူတွေနဲ့ ဝင်ငွေမရှိသူတွေကို ပေးတာပါ။ သူတို့တတွေကို အစားအသောက် အခမဲ့ဝယ်ခွင့်ကဒ်တခု ထုတ်ပေးပါတယ်။
• SNAP ကို အလွယ်Food Stamps လို့ခေါ်ပါတယ်။ အမေရိကားမှာ တရားဝင် နေထိုင်ခွင့်ရသူ ဖြစ်ပြီးနောက် ပြည်နယ်ထဲမှာ တရားဝင်နေထိုင်သူတွေ အကြုံးဝင်ပါတယ်။
• အစားအသောက်အပြင် ငွေသားလဲပေးတယ်။ ခံစားခွင့်ရှိသူကို သက်ဆိုင်ရာက စံချိန်သတ်မှတ်ထားပြီး တယောက်နဲ့တယောက်၊ မိသားစုတခုနဲ့တခုမတူပါ။ ငွေးသားအနေနဲ့ ဒေါ်လာ ၂ဝဝဝ အများဆုံးနဲ့ တကယ်လို့ မိသားစုထဲမှာ မသန်စွမ်းသူ ဒါမှမဟုတ် အသက် ၆ဝ ကျော်သူပါနေရင် အများဆုံး ၃၂၅ဝ ပေးမယ်။
• ‘အေတီအမ်’၊ ‘ခရက်ဒစ်ကဒ်’ လိုသဘော ‘ကဒ်’ တခုပေးပါမယ်။ လဆန်း (၁ဝ) ရက်အတွင်း တရက်ရက်မှာ အဲဒီ ‘ကဒ်’ ထဲကို အလိုလိုငွေဖြည့်ပေးနေမှာပါ။ ဦးစားပေးမှုမရှိအောင် လူနာမည် အစစာလုံးနဲ့ တန်းစီထားပေးပါတယ်။
• အလုပ်မရှိသေးသူ၊ အလုပ်ပြုတ်-ထွက်ထားသူတွေရမယ်။ တပါတ်မှာ နာရီ ၂ဝ အလုပ် လုပ်နေတဲ့ ကျောင်းသားလဲ လျှောက်နိုင်တယ်။ ကလေးအသက် ၆ နှစ်အောက်ရှိသူ၊ ကလေး ၁၂ နှစ်အောက်နဲ့ မိဘတဦးတည်းဖြစ်သူ၊ အလုပ်ရလို့ ဝင်ငွေကိုကြည့်ပြီး အတိုး-အလျှော့၊ ဒါမှမဟုတ် မပေးတော့တာ ဖြစ်လာတယ်။ ဘောင်ဝင်သူတွေက ထပ်လျှောက်နိုင်တယ်။ စည်းကမ်းနဲ့မညီပဲသုံးနေတာကို နောက်မှာ သိရရင် ပြန်လျှော်ရမယ်။
• မိသားစုတွေ မတူကြပါ။ အနည်းဆုံး ၃ လ၊ ၈ လနဲ့ တချို့ဆိုရင် နှစ်ပေါင်းများစွာ Food Stamp အစားအသောက်ကဒ် ဆက်ရနေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး