ပျော်ချင်လဲ ဆင်ခြင်ရတဲ့ခေတ်

• ၁၉၉ဝ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း၊ ပုလဲ မဲဆန္ဒနယ်မြေ၊ အမှတ် (၁) ဦးသန်းစိန် နဲ့ အမှတ် (၂) ဒေါက်တာတင့်ဆွေတို့ တခဲနက်အနိုင်ရခဲ့ကြပြီး၊ (တစည) ပါတီနဲ့ စစ်အစိုးရ အစိုးမရတာသိလို့ ရွေးကောက်ပွဲပြီးနောက် ရက်တွေကြာပြီးမှ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောရွာကိုသွားပြီး ရွေးကောက်ပွဲအောင်ပွဲခံတာကို လုပ်ခဲ့ကြတယ်။
• ပုလဲမြို့နယ်၊ နှောရိုးကျေးရွာက NLD စည်းရုံးရေးမှူး ကိုစိုးဝင်း သိမ်းထားတဲ့ အမှတ်တရဓါတ်ပုံလေးကို ထွန်းပုလဲကတဆင့် အခုဘဲရရှိလို့ အများကြီးကျေးဇူးတင်ပါတယ်။
• ဂန့်ဂေါ၊ ကျော (ယော) နယ်သူနယ်သားတွေကိုလဲ ကျေးဇူးတင်ဆဲပါခင်ဗျား။
• ဦးသန်းစိန်ကတော့ ကွယ်လွန်သွားပါပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး