A signboard အရောင်မလက်တော့ပေမဲ့ မှိုမတက်သေးတဲ့ ဆိုင်းဘုတ်ကလေး

• တခါက့ မှာ မီးဖွါးဘို့ သိပ်အခက်အခဲဖြစ်နေတဲ့ မွေးလူနာတယောက် ဆရာတို့ တိုက်နယ်ဆေးရုံအဖွဲ့ကနေ ညလုံးပေါက် မွေးပေးခဲ့ကြရတာ သမီးအမေပါဆရာ။ ဆရာ့ကို အဝေးကနေ ဂါရဝပြုလိုက်ပါတယ်။
• ဆရာ့မှာ ညလုံးပေါက်တွေ များလှပြီ။ ဒါပေမဲ့ အခုတော့ အိပ်ရေးဝတယ်လို့ဘဲ ခံစားမိပါတယ်။

• ၉ဝ ရွေးကောက်ပွဲမှာ မဲစည်းရုံးရေးဆင်းတုံးက ဆရာပြောခဲ့ဟောခဲ့တာတွေကို ကျွန်တော် ခုထိ မှတ်မိနေပါတယ် ဆရာ။
• နောင်ရွေးကောက်ပွဲတွေမှာ နောက်လူတွေက (ဆရာ့ထက်သာအောင်) ကိုယ်တိုင် ဟောနိုင်ပြောနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

• ကျွန်တော့်ကို ညကြီးသန်းခေါင်မှာ ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးပေးခဲ့တဲ့ဆရာ့ကို ကျွန်တော် မြင်ဘူးချင်တယ်ဆရာ။
• ဘဝအစမှာ ခက်ခက်ခဲခဲနဲ့စခဲ့သူအဖို့ အရာရာလွယ်ကူပါလိမ့်မယ်။

• ငယ်ငယ်လေးကတည်းက ဆရာ့အကြောင်း လူကြီးတွေပြောပြောနေကြတာနဲ့ သမီး ကြီးပြင်းလာခဲ့တာပါဆရာ။
• ကိုယ့်အကြောင်းကိုလဲ လူအများ (အကောင်း) ပြောစရာ ကျန်ရစ်အောင် ကြိုးစားဘို့ရာ တွန်းအားဖြစ်မယ်ဆိုရင် ဆရာလဲ ဝမ်းသာမှာပါ။

• ကျွန်တော် မမွေးခင်က ကျွန်တော့်အဖေအသက်ကို ဆရာကယ်ခဲ့တာတဲ့ဗျ။ မမြင်ဘူးတဲ့ ဆရာ့ကို အဝေးကနေ လှမ်းပြီး ကန်တော့လိုက်ပါတယ် ဆရာခင်ဗျား။
• အနန္တောအနန္တ ငါးပါးမက ကျေးဇူးသိတတ်သူအတွက် ကျန်းမာ-ချမ်းသာစေကြောင်း ဆုတောင်းပေးပါတယ်။

• ၁၉၉ဝ ရွေးကောက်ပွဲတုံးက ကျွန်တော်တို့ရွာမှာ ဆရာတို့ပါတီ မနိုင်ခဲ့လို့ တောင်းပန်ပါတယ်ဆရာ။
• ကိစ္စမရှိပါ။ နိုင်ငံရေးမှာ တသမတ်ထည်းမရှိပါ။ ကိုယ့်ကိုမကြိုက်သေးသူတွေကို မမုန်းရဘဲ၊ ကြိုက်လာအောင် စည်းရုံးဘို့က ကိုယ်အလုပ်ဖြစ်ပါတယ်။

• ဆရာ့ဆေးခန်းလေးရှေ့ရောက်တိုင်း လှည်းဝိုင်းကြီး အမြဲရှိနေတာကို ဖြတ်သွားတိုင်း တွေ့နေရတာကို အမှတ်ရပါတယ် ဆရာ။
• လှည်းနဲ့လာတဲ့လူနာတွေနဲ့ ကျွန်တော်လဲ ဆရာဝန်ဖြစ်ခဲ့တာ အမှန်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး