Footwear ဘုရားရင်ပြင် သရက်ချဉ်တည်ခြင်း

• တရက်နှစ်ရက် ဖေ့စ်ဘွတ်မှာ တက်တဲ့သတင်းတွေထဲမှာ ‘ခြေစွမ်းပြတာတွေ’ တွေ့ရတယ်။
• ဘုရားရင်ပြင် (ထင်ကြရတဲ့) နေရာမှာ ‘ကော်ဇောခင်းပြီး ဖိနပ်စီးတာ’ နဲ့ သရက်ချဉ်လုပ်ရာမှာ ‘ခြေထောက်နဲ့ နင်းတဲ့ပုံ’ တွေ ဖြစ်တယ်။
• ‘ဆီဒိုနာ’ မှာ ဝိုင်ခွက်နဲ့၊ သူများတိုင်းပြည်မှာ ဝိုင်အနီနဲ့ ကိုယ့်ပုံကိုယ် ရိုက်တင်ကြတာတွေလဲ တွေ့ပါတယ်။
• သရက်ချဉ် နဲ့ အမျိုးတော်တာက ‘ဝိုင်’ လုပ်နည်းပါ။ တကမ္ဘာလုံး တန်ဘိုးထား၊ ဂုဏ်တင်ပြီး သောက်သုံးကြတဲ့ ဝိုင်လုပ်ဘို့ရာ စပျစ်သီးတွေကို ခြေထောက်နဲ့ နာနာနင်းရပါတယ်။ ခြေနင်းပွဲလိုတောင် လုပ်ကြသေးတယ်။
• ဝိုင်လုပ်ဘို့ နင်းချေရာမှာ ဖိနပ်ပါတာလဲရှိတယ်။ ဖိနပ်မပါတဲ့နည်းလဲသုံးတယ်။ 1. How to Make Wine by Crushing Grapes with Feet 2. Why do people squeeze grapes with bare feet?
• ကော်ဇောပေါ်မှာ တချို့ကဖိနပ်စီးလို့၊ တချို့ကဖိနပ်ချွတ်လို့။ ပုံကြည့်ရသူတွေအဖို့ ဇဝေဇဝါဖြစ်ရတယ်။
• နအဖ/နဝတ ခေတ်မှာ ‘လူကြီးကို လက်အုပ်ချီရတယ်’။ အခုအစိုးရခေတ်မှာ ‘လူကြီးရှေ့ဖိနပ်ချွတ်ရတယ်’။ ဂါရဝတရား ထွန်းကားလာတဲ့သဘော။
• သရက်ချဉ်သည် ချဉ်၏။ ဝိုင်သည် မူးစေတတ်၏။ ဖိနပ်သည် မြင့်မြတ်ရာနေရာတို့နှင့် မအပ်စပ်။
• အော့့် သည်ခေတ်က နေရာတကာဖိနပ်စီးမှ လူကြီးထင်ကြသကိုး။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး