Astigmatism and Amblyopia သူငယ်အိမ်စောင်းခြင်းနဲ့ ပျင်းတဲ့မျက်စိ




ကျွန်မနာမည့့် ပါ၊ အသက်က ၃ဝ ပြည့်ပါတော့မယ်၊ ကျွန်မက မျက်မှန်တပ်ရပါတယ် ဆရာ၊ မျက်မှန်တပ်ရတာ ၁၅ နှစ်နီးပါးလောက်ရှိပါပြီ ဆရာ၊ တကယ်တမ်း မျက်စိရဲ့လိုအပ်ချက်က ညာဘက်က - ၆.၅ (Astigmatism - ၁.၅) နဲ့ ဘယ်ဘက်က  -၂.၅ (Astigmatism - ၁) ရှိပါတယ် ဆရာ၊ ဒါပေမယ့် အဲဒီအနေအထားအတိုင်း မျက်မှန်တပ်ရင် အကွာအဝေးချိန်လို့မရတဲ့ပြနာရှိလို့၊ ညာဘက်ကို -၄ နဲ့တပ်ခိုင်းတာ နှစ်နှစ်လောက်ရှိပါပြီဆရာ၊ အခု LASIK surgery လုပ်ဖို့ မျက်စိသွားစစ်တာ ကျွန်မရဲ့ညာဘက်မျက်လုံးက lazy eye ဖြစ်နေတယ်လို့ ပြောပါတယ်၊ အဲတာကြောင့် ကုသမှုယူရင်လည်း ဘယ်ဘက်မျက်လုံးလောက်ကောင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်ဆရာ၊ ကျွန်မသိချင်တာက အဲဒီ lazy eye က ကြာရှည်ဆို ဘာတွေဖြစ်လာနိုင်ပါသလဲ ဆရာ၊ ပြီးတော့ ကျွန်မ အခု LASIK မလုပ်ဘဲ ဒီအတိုင်းထားရင် မျက်မှန်ပါဝါ ပိုဆိုးလာနိုင်ပါသလား၊ ကျွန်မအနေနဲ့ LASIK လုပ်သင့် မလုပ်သင့် အကြံဉာဏ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ဆရာရှင့်။

Astigmatism သူငယ်အိမ်စောင်းခြင်း
Astigmatism ဟာ မျက်လုံးက လုံးမနေလို့ဖြစ်တာပါ။ မျက်စိအမြင်အားနည်းခြင်း အမျိုးအစားတွေထဲက တခုဖြစ်တယ်။ လူတိုင်းမှာ အနည်းနဲ့အများ ရှိနိုင်တယ်။ ရောဂါဘာလို့ဖြစ်လာသလဲ ကောင်းကောင်းမသိရဘူး။ တဖြေးဖြေး ဆိုးလာနိုင်တယ်။ မျက်စိမှာ ရုပ်ပုံထင်ရတဲ့နေရာ Retina ကင်မရာ-ဖလင် လိုသဘောဆင်တဲ့ (ရက်တီနာ) ပေါ်မှာ အလင်းတန်းတွေက တိတိကျကျ မစုနိုင်ကြလို့ အမြင်ဝေဝါးနေမယ်။ Cornea မျက်ကြည်လွှာ အခုံးမျက်နှာပြင် မူမမှန်နေတာနဲ့ Lens မှန်ဘီလူးမှာ ဖြစ်တာ (၂) မျိုးကနေ ဖြစ်စေနိုင်တယ်။

အကြောင်းခံ နှစ်မျိုးအပြင် အမျိုးအစားလဲ (၂) မျိုးရှိတယ်။ ပုံမှန် နဲ့ ပုံမှန်မဟုတ်တာ။ Irregular astigmatism ပုံမှန်မဟုတ်ဆိုတာက အလင်းတန်းတွေ ဖြတ်သန်းဝင်လာတဲ့ Corneal scar မျက်ကြည်လွှာမှာ အမာရွတ်လို ဖြစ်နေရင်၊ Crystalline lens မှန်ဘီလူးမှာ Scattering ဖြစ်နေလို့ ဖြစ်ရတဲ့ (၂) မျိုးကြောင့်သာ ဆိုရင် Standard spectacle lenses သုံးနေကြ မျက်မှန် တပ်ပေမဲ့လဲ ပြင်မရဖြစ်မယ်။ Contact lenses မျက်ကပ်မှန်နဲ့တော့ ရနိုင်တယ်။ Regular astigmatism အမျိုးအစားက မျက်ကြည်လွှာကနေဖြစ်တာဖြစ်ဖြစ်၊ မှန်ဘီလူးကနေ ဖြစ်တာဖြစ်ဖြစ် Toric lens မျက်မှန်နဲ့ ပြင်လို့ရတယ်။ အချင်းဝက်မျဉ်း ၂ မျိုးပါ မှန်ဘီလူးကို ပြောတာ ဖြစ်တယ်။

Astigmatism ရှိနေရင် အသေးစိတ်ကို မမြင်ရဘူး။ မြင်လွှာပေါ်မှာ အလင်းတန်းတွေ အတိအကျ မကျတာမှာ Vertical plane ဒေါင်လိုက် နဲ့ Horizontal plane အလျားလိုက် ၂ မျိုး ဖြစ်နေနိုင်တယ်။ တမျိုးမှာတော့ ကောင်းနေမယ်။ ဥပမာ နံရံလို ဒေါင်လိုက်ရှိတာကို ခပ်စောင်းစောင်း မြင်နေမယ်။

Regular astigmatism အဓိက (မဒီဒီယံ) မျဉ်းဟာ ဒေါင်လိုက်ရှိတယ်။ (ရပ်ဘီ) ဘော၊ အမေရိကန် ဘောလုံးကို
1. Against-the-rule astigmatism ထောင်ထားတာ၊
2. With-the-rule astigmatism လှဲထားတာ၊
3. Oblique astigmatism ခပ်စောင်းစောင်းအနေတာ နဲ့
4. Irregular astigmatism မညီမညာတာ (၄) မျိုးရှိတယ်။

• With-the-rule astigmatism အတွက် Minus cylinder အနုတ် (ဆလင်ဒါ) ကို Horizontal axis ရေပြင်ညီမျဉ်းမှာ ထားပေးရတယ်။
• Against-the-rule astigmatism အတွက် Plus cylinder အပေါင်း (ဆလင်ဒါ) ကို Horizontal axis ရေပြင်ညီမျဉ်းမှာ ထားပေးရတယ်။ ဒါမှမဟုတ်
• Minus cylinder အနုတ် (ဆလင်ဒါ) ကို Vertical axis ဒေါင်လိုက်ထားပေးရတယ်။
• ကလေးတွေမှာ With-the-rule astigmatism အဖြစ်များပြီး အသက်ကြီးသူတွေမှာ Against-the-rule astigmatism အဖြစ်များတယ်။
• Axis ဝန်ရိုးကို ဒီဂရီနဲ့ဖေါ်ပြတယ်။ ဝ ကနေ ၁၈ဝ အထိ နာရီလက်တံပြောင်းပြန် ရှိမယ်။ ဝ ရော ၁၈ဝ ပါ အလည်မျဉ်းရဲ့ တဖက်စီမှာ ရှိတယ်။

မျက်စိအထူးကု ဆေးပညာအရ အမျိုးအစားကွဲတွေ ရှိပါသေးတယ်။
1. Simple hyperopic astigmatism ဆုံချက်တခုက မြင်လွှာပေါ်မှာကျနေပြီး နောက်တခုက မြင်လွှာရဲ့ နောက်မှာ ကျနေတာ၊
2. Simple myopic astigmatism ဆုံချက်တခုက မြင်လွှာရှေ့မှာကျနေပြီး နောက်တခုက မြင်လွှာပေါ်မှာ ကျနေတာ၊
3. Compound hyperopic astigmatism ဆုံချက်နှစ်ခုက မြင်လွှာနောက်မှာကျနေတာ၊
4. Compound myopic astigmatism ဆုံချက်နှစ်ခုက မြင်လွှာ ရှေ့မှာကျနေတာ၊
5. Mixed astigmatism ဆုံချက်နှစ်ခုက မြင်လွှာရှေ့မှာတခု၊ နောက်တခုမှာကျနေတာ၊

အမေရိကန် သုတေသနတခု Archives of Ophthalmology အရ ၅ နှစ်နဲ့ ၁၇ နှစ်ကြား ကလေး ၁ဝ ယောက်မှာ ၃ ယောက်နီးပါး (၂၈့၎%) မှာ ရှိနေတယ်။ နည်းနည်းဖြစ်သူတွေမှာ မသိသာပေမဲ့ ဆိုးရင် မျက်စိကြည့်မကောင်းတာဖြစ်မယ်။ Blurry vision ဝေဝပါးနေမယ်၊ Squinting စွေနေမယ်၊ Asthenopia မျက်စိမှာဖိအားများနေလို့ Fatigue အားမရှိတာ၊ Headaches ခေါင်းကိုက်တာတွေ ဖြစ်နေမယ်။ တချို့မှာ Migraine (မိုင်ဂရင်း) ခေါင်းကိုက်ရောဂါနဲ့ ဆက်စပ်နေတယ်။

Snellen chart, Keratometer, Corneal topography, Autorefractor or Retinoscopy စမ်းသပ်နည်းတွေကို သုံးပြီး စစ်ဆေးရတယ်။ ကုသမှုတွေကတော့ Eyeglasses မျက်မှန် Contact lenses မျက်ကပ်မှန် နဲ့ Refractive surgery ခွဲစိတ်နည်းတွေ ဖြစ်တယ်။

Amblyopia ပျင်းတဲ့မျက်စိ
Strabismic amblyopia ကို Lazy eye လို့ခေါ်တာ မမှန်ပါ။ Misaligned eyes (အလိုင်းမင့်) မမှန်လို့ ဖြစ်တယ်။ မျက်စိကြည့်မကောင်း ဖြစ်နေမယ်။ ရုပ်ပိုင်းကတော့ ပုံမှန်ဖြစ်နေမယ်။ ဒါမှမဟုတ် မူမမှန်ဖြစ်နေတာနဲ့ မမျှဖြစ်နေမယ်။ လူဦးရေရဲ့ ၁-၅% အထိရှိတယ်။ Optic nerve အမြင်အာရုံကြောကနေ ဦးနှောက်ဆီကို ပို့လွှတ်မှုမှာ လုံးဝမလုပ်တာ၊ ဒါမှမဟုတ် အားနည်းတာ ဖြစ်နေတယ်။ တခါတလေ Double-vision နှစ်ရုပ်မြင်တာ မဖြစ်ရလေအောင် အရုပ်မြင် ဖြစ်စဉ်ကို ဦးနှောက်ကနေ ခလုပ်ပိတ်သလို ရပ်ပြစ်လိုက်တာကြောင့်လဲ ဖြစ်နိုင်တယ်။

အတော်များများ ကလေးဘဝကတည်းကဖြစ်ကြတာ တွေ့ရတယ်။ တဖက်တည်း ဖြစ်နေတာများတယ်။ ၅ နှစ်မတိုင်ခင် သိလို့ ပြင်ရင်ကောင်းတယ်။ ကုသတာမှာ Spectacles မျက်မှန်တပ်တာနဲ့ Surgery ခွဲစိတ်တာ ၂ မျိုးရှိတယ်။ ဇီဝကမ္မ ဖြစ်စဉ်ကို ကြည့်ရင် ဦးနှောက်မှာ ဖြစ်တယ်။ မျက်လုံး အာရုံကြောက အကောင်းဘဲ။ မျက်လုံး မကောင်းရာကနေတော့ ဖြစ်လာနိုင်တာ ရှိတယ်။ အမြင်ကို ဖြစ်လာစေဘို့ လိုအပ်တဲ့ နှိုးဆွမှုက ဦးနှောက်မှာ ဖြစ်မလာဘူး။

ဒီလိုဖြစ်နေတာက တော်ယုံတန်ယုံဆိုရင် မခံစားရဘူး။ တဖက်က ကောင်းနေမယ်။ ဆိုးဝါးနေသူတွေမှာ Poor depth perception ခေါ်တာ ဖြစ်နေမယ်။ ပြတ်ပြတ်သားသား မမြင်နိုင်ဘူး။ လှုတ်ရှားမှုကို ကြည့်ရင်လဲ ဝေဝါးနေမယ်။ သုံးဘက်မြင်ကိုကြည့်လို့ သိပ်မကောင်းဘူး။

Congenital cataracts မွေးရာပါ တိမ်၊ Strabismus, Anisometropia, Astigmatism မျက်စိအားမကောင်းတာတွေကနေ ဆက်ဖြစ်နိုင်တယ်။ အများအားဖြင့် အမြင်ကောင်းနေတဲ့ အဓိကအသုံးပြုတဲ့ မျက်စိဖက်မှာလာဖြစ်တယ်။ ဒါပေမဲ့ မတူတဲ့ အရုပ်နှစ်ခုကို ဦးနှောက်ကနေဖတ်တဲ့အခါ မတူလို့ ကြည့်မကောင်းဖြစ်မယ်။

Refractive or Anisometropic amblyopia ဆိုတာ မျက်စိနှစ်ဖက်က မြင်နိုင်အား မတူတာကနေ ဖြစ်နိုင်တယ်။ ဦးနှောက်ဆီကို ပုံကောင်းကောင်း ပို့ပေးနိုင်တဲ့မျက်စိက အသာစီးယူနေလိမ့်မယ်။ ကျန်တဖက်က ခပ်ဝါးဝါး ဖြစ်နေမယ်။ ကြာတော့ အမြင်စွမ်း ဖွံဖြိုးမှုက ချို့ယွင်းလာမယ်။ Refractive amblyopia အမျိုးအစားက Strabismic amblyopia လောက် မဆိုးလှဘူး။

Form-deprivation and Occlusion Amblyopia ဆိုတာ Cataracts တိမ်လို၊ Corneal scarring မျက်ကြည်လွှာအမာရွတ် (အပြင်တိမ်) လိုကနေ ဖြစ်စေတယ်။ အသက်ကြီးမှဖြစ်တာကနေ Double vision (Diplopia) အရုပ်နှစ်ခုမြင်တာ ဖြစ်စေနိုင်တယ်။ ကလေးတွေက Neuroplastic အားကောင်းလို့ အဲလိုမဖြစ်ဘူး။ ဒါပေမဲ့ ဦးနှောက် ဖွံ့ထွားမှုကို သက်ရောက်စေတယ်။

သင်တော်တဲ့ မျက်မှန်တပ်စေရမယ်။ တခါတလေ ကောင်းနေတဲ့ဖက် (အသုံးများတဲ့ဖက်) ကို Eye-patch ဖုံးတားပေတာ လုပ်ရတယ်။ တခါတလေ ကောင်းနေတဲ့ဖက်ကို သူငယ်အိမ် ကျယ်စေတဲ့ Atropine drops မျက်စဉ်းခပ်ပေးမယ်။ ဖြစ်တဲ့ အမျိုးအစားအရ ခွဲစိတ်ပေးတာလဲ လုပ်နိုင်တယ်။ Refractive surgery ခွဲစိတ်နည်းမှာ မျက်ကြည်လွှာကို ပြုပြင်ပေးတယ်။ လေဆာကိုလည်း သုံးနိုင်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး