Abraham Lincoln ‘လင်ကွန်း’ ကံကောင်းသွားခြင်း



·         ကနေ့ရောက်ခဲ့တဲ့ ‘ကင်တပ်ကီ’ ပြည်နယ်ရဲ့အထင်ရှားဆုံးတခုကတော့ သစ်လုံးအိမ်ကနေမွေးပြီး ထင်ရှားတဲ့ အမေရိကန်သမတဖြစ်လာခဲ့သူ ‘လင်ကွန်း’ မွေးရပ်ရွာရှိတာဖြစ်ပါတယ်။
·         အတူသွားတဲ့သားကပြောတာက ဆရာတင်မိုးက ပြောဘူးသတဲ့ သူ (တင်မိုး) ဟာ ငယ်တုံးက ‘လီနင်’ ကိုတွေ့ချင်ခဲ့ပြီး၊ ကြီးတော့ ‘လင်ကွန်း’ ကိုတွေ့ချင်ပါသတဲ့။
·         ကျွန်တော် ငယ်ကတည်းကဖတ်ဖူးတဲ့ ‘လင်ကွန်း’ အတ္ထိုထဲကအကြောင်းအရာလေးတခုကို ခုထိမမေ့သလို အဆင်ပြေတိုင်း လိုက်နာအသုံးချတတ်တာတခု ရှိပါတယ်။
·         ‘လင်ကွန်း’ ဟာ တခါတုံးက လူတယောက်ကို အလွန်မတန်စိတ်ဆိုးလွန်းလို့ ပြစ်တင်စကားတွေကို စာတစောင်ရေးပါတယ်။ စာကိုရေးပြီး အိပ်ယာအောက်မှာထားတယ်။ ဒါပေမဲ့ မေ့ပြီးစာကိုမပို့ဖြစ်ဘူးတဲ့။ နောင်ကာလကြာလာတော့ သူစိတ်ဆိုးလို့ပြစ်တင်စာရေးမဲ့သူဟာ သူ့ရဲ့မိတ်ဆွေကောင်းတယောက် ဖြစ်လာပါသတဲ့။
·         ‘လင်ကွန်း’ ကံကောင်းခဲ့တာက အခုလို ‘ဖေ့စ်ဘွတ်’ မပေါ်သေးတာပဲ။ ခုခေတ်မှာတော့ စိတ်ထဲမှာ ပျော်ရွှင်လာရင်လဲ ချက်ချင်း၊ ကလောဆဲချင်ရင်ပါလဲချက်ချင်း။ မိတ်ဆွေကောင်းမတိုးပဲ ‘အန်ဖရင်း’ တွေသာ တိုးလာနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး