Donate Life အသက်ကို လှူဒါန်းခြင်း
မနေ့က ကျောင်းမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဌာနကလာပြီးပြောပြတယ်။ ဒီတိုင်းပြည်မှာ ယာဉ်မောင်းလိုင်စင် လုပ်ကတည်းက ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းလိုတဲ့သဘောထားကိုမေးပြီး သဘောတူသူကို လိုင်စင်ကဒ်မှာ ရေးပေးထားတယ်။
အလှူ ၂ မျိုးရှိတယ်။ အသက်ရှိနေစဉ်လှူတာနဲ့ ကွယ်လွန်ချိန်မှာလှူတာ။ နှလုံး၊ ကျောက်ကပ် ၂ ခု၊ အဆုတ် ၂ ခု။ အသဲ၊ သရက်ရွက်၊ အူတွေက အင်္ဂါအစိတ်အပိုင်းတွေ။ မျက်ကြည်လွှာ၊ ကြွက်သားအရွတ်ကြော၊ နှလုံးအဆို့ရှင်၊ သွေးပြန်ကြော၊ အရေပြားနဲ့ အရိုးတွေက တစ်ရှူးတွေ။
အလှူရှင်တဦးကနေ အသက် ၈ ချောင်းကိုကယ်နိုင်တယ်။ လူ ၇၅ ယောက်ရဲ့ အနာဒဏ်ရာတွေ ပျောက်ကင်းစေနိုင်တယ်။
ဟဒ်အတက် ခေါ် နှလုံးရောဂါနဲ့သေဆုံးသူတွေကတော့ လှူလို့မရနိုင်ပါ။
၁၁၄၉၆၉ ယောက် တန်းစီစောင့်နေကြတယ်။ အဲဒီထဲက လူ ၂၂ ယောက်ဟာ အလှူရှင်မရလို့ နေ့တိုင်းနေ့တိုင်း သေဆုံးနေကြရတယ်။
ပညာပေးတင်ဆက်မှုထဲမှာ စိတ်ဝင်စားစရာနောက်တခုလည်းပါတယ်။ ၂ဝ၁၈ ခုနှစ် အင်ဒီယာနာမယ်ဆုရထားတဲ့ Darrian Arch ဒါရီယန်အာ့ခ်ျရဲ့ အမေက ကျောက်ကပ်အလှူရှင်ကို စောင့်နေရပါသတဲ့။ ဆိုလိုတာက သည်တိုင်းပြည်မှာ ပိုက်ဆံ ချမ်းသာမှ နာမည်ကြီးမှသာ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူတာကို ရနိုင်တာမဟုတ်ကြောင်းဖြစ်ပါတယ်။ ဟုတ်တယ်။ အသိ ရခိုင်အမျိုးသားတယောက် ကျောက်ကပ်လဲလို့ရတော့ အခုအလုပ်လုပ်နေနိုင်ပြီ။
ကျွန်တော့သား သြဂတ်စ်လ ၁၉ ရက်နေ့က ဆုံးပါတယ်။ သူက အလှူရှင်အဖြစ်မှတ်ပုံတင်ထားလို့ သူ့မျက်လုံး ၂ လုံးကို လှူသွားနိုင်ခဲ့ပါတယ်။ အဲဒီဌာနကနေ အသိအမှတ်ပြုတံဆိပ် ပို့ပေးတယ်။
ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၈

Comments
Post a Comment