နိုဝင်္ဘာ (၁) ရက်နေ့

လူတိုင်းဟာ ဘဝတသက်တာမှာ ကျောင်းစတက်ရတဲ့နေ့ကို မမေ့တတ်ကြပါ။ ကျွန်တာ် သူငယ်တန်း စတက်ရတဲ့ နေ့ကိုတော့ မမှတ်မိပါ။ အလည်ပြန်တော့ အဲဒီမူလတန်းကျောင်းကို ရောက်အောင်သွားခဲ့တယ်။

နိုဝင်္ဘာ (၁) ရက်နေ့ဆိုရင် ကျွန်တော့်မှာ မမေ့စရာတခုရှိပါတယ်။ ၁၉၆၅ ခုနှစ် နိုဝင်္ဘာ (၁) ရက်နေ့မှာ ဆေးကျောင်းသား ဖြစ်ပါတယ်။ ဆောင်းဝင်စ အေးမြမြရှိတယ်။ ကြည့်လေရာရာ မြူမှုန်တွေနဲ့ ခပ်ဝါးဝါးသာမြင်ရတယ်။ မန္တလေးဘူတာကြီးကလာတဲ့ ကျောက်မီးသွေး မီးခိုးနံ့က ရနေသေးတယ်။

ကောလိပ်ကျောင်းသားတယောက်ရဲ့ စိတ်ခံစားမှုနဲ့အတူ သူငယ်ချင်းသစ်တွေ တွေ့ရတယ်။ သူတို့အားလုံးနဲ့ သိရခင်ရတာ (၅၃) နှစ်ပြည့်တဲ့နေ့လို့ ပြောနိုင်ပြီ။

အလည်ပြန်တော့ မန္တလေးဆေးကျောင်းရှေ့က လေးငါးခေါက်ဖြတ်ရပေမဲ့ အထဲမဝင်ခဲ့ရပါ။ ကိုယ့်သိသူမရှိ။ ကိုယ်ကသိသူလည်း မရှိလောက်။ အဲဒီကျောင်းမှာ ဆေးပညာမူလတန်းတက်ခဲ့ပါတယ်။

သူငယ်ချင်းတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ