အတူနေစဉ် သွေးဆင်းခြင်း

(ကန်တော့)

မင်္ဂလာပါဆရာ အသက် ၂၆ ရာသီ ၁၂ ရက်နေ့ကလာပြီး ကလေးရှိ၊ implant သုံးထား။ ကန်တော့ပါဆရာမနေ့ကအတူနေဖြစ်ပါတယ် မနက်ကျတော့ သွေးအနည်းနည်းထွက်ပါတယ်။ ဆရာရေးတဲ့စာတွေဖတ်ပြီးပါပြီ။ အဲ့စာထဲမှာ အမျိုးသားနဲ့နေရင် သွေးဆင်းတာ သားအိမ်ခေါင်းကင်ဆာလက္ခဏာလို့ ဖတ်ရပါတယ်။ အရမ်းကိုကြောက်မိပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၃နှစ်က သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိ စစ်ပြီး ကာကွယ်ဆေးတော့ ထိုးထားပါသည်။ လေးစားစွာဖြင့်

ကျွန်တော်ရေးတာတွေ ကျွန်တော့စာတွေလို့ ကိုးကားရင် တခါတခါ လန့်နေမိတယ်။ စာဖတ်ထားရင် ဘာကြောင့် သွေးထွက်သလဲဖြစ်နိုင်တာတွေ သိပါတယ်။ တခုတည်းကြောင့် မဟုတ်ပါ။ အတူနေစဉ် မွေးလမ်းကသွေးဆင်းခြင်း ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ -

(၁) Inflammation ရောင်ရမ်းခြင်း
Cervical erosion သားအိမ်ဝရောင်ခြင်း၊ ငယ်ရွယ်သူတွေ၊ တားဆေးစားနေသူတွေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာလည်း ဖြစ်နိုင်တယ်။ အဲလိုအချိန်တွေမှာ သားအိမ်အဝက ပုံမှန်ထက် နုနေလို့ဖြစ်တယ်။ ဖြစ်ရင်လည်း အလိုလိုပျောက်နိုင်သလို လိုအပ်ရင် Freezing နည်းနဲ့ကုသလို့ရတယ်။

 (၂) Atrophic vaginitis ဗဂျိုင်းနား ပါးလွှာခြင်း
သွေးဆုံးပြီးရင် Estrogen ဟော်မုန်းနည်းရာကနေဖြစ်တယ်။ တချို့မှာဖြစ်တတ်တယ်။ သွေးနည်းနည်းလေးဆင်းတာနဲ့ အတူနေစဉ် နာတာတွေ ဖြစ်တယ်။ ဖြစ်ရင် အတူနေစဉ်မှာ Lubricating gels ဂျဲလ်ကိုသုံးနိုင်တယ်။ အီစထိုဂျင်ဟော်မုန်းနဲ့ ကုနိုင်တယ်။ ဆေးသောက်နည်း-ဆေးထည့်နည်းသုံးနိုင်တယ်။

(၃) Sexually transmitted diseases (STDs) လိင်ကတဆင့်ကူးစက်ရောဂါတွေ
Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား တွေကနေ ဖြစ်စေနိုင်တယ်။ ပိုးရှိနေရင် မွေးလမ်းကနေ တခုခုဆင်းတာ၊ တင်ပါးဆုံရိုးကွင်းထဲကနာတာ၊ ယားတာ၊ ပူလောင်တာတွေခံစားရမယ်။ ပိုးသေဆေးနဲ့ ပျောက်ပါတယ်။ မကုဘဲထားရင် တချိန်မှာ ကလေးမရတာ ဖြစ်လာနိုင်တယ်။ ထရွိင်ကိုမိုနီယေးဆစ်ရောဂါကနေလည်း ဖြစ်တယ်။ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရောဂါတခုဖြစ်တယ်။ လိင်ကတဆင့်ကူးတယ်။ တခုခုဆင်းမယ်၊ ယားမယ်၊ သွေးဆင်းမယ်။

(၄) Abnormal growths အပိုအဆာတခုခုဖြစ်တာ
ကင်ဆာဖြစ်နိုင်သလို၊ Precancerous growths ကင်ဆာမဟုတ်မီအဆင့်လည်း ဖြစ်နိုင်တယ်။ Pap smear စစ်ရင် သိနိုင်တယ်။

(၅) Endometriosis အင်ဒိုမီထရီယိုးဆစ်ရောဂါ
သားအိမ်တစ်ရှူးတွေက သားအိမ်အပြင်မှာဖြစ်နေတာကိုခေါ်တယ်။ အပျိုကြီးတွေ၊ ကလေးမရသေးသူတွေမှာ ပိုဖြစ်တယ်။ ရာသီလာချိန်နဲ့ အတူနေချိန်တွေမှာ နာတာသိသာတယ်။ အာလ်ထွာဆောင်းရိုက်ရင်သိမယ်။

(၆) Uterine polyps သားအိမ်အသီး
ကင်ဆာမဟုတ်တဲ့ အသားပိုအသီးလေးတွေကနေလည်း သွေးဆင်းတာ ဖြစ်နိုင်တယ်။ သားအိမ်နဲ့ သားအိမ်ဝကနေ ထွက်တယ်။ သူ့အလိုလိုလည်း ပျောက်နိုင်တယ်။ လိုအပ်ရင် ခွဲထုတ်ရမယ်။

ဖြစ်နိုင်တဲ့အကြောင်းတရား ၆ ခုထဲမှာ သားအိမ်ဝကင်ဆာလို့မပါ။ ဖတ်တယ်ဆိုတာ ဆရာရေးတာ ဟုတ်ပါသလား။

1. Vaginitis, Cervicitis, Cervical erosion သားအိမ်ရောင်ခြင်း၊ ငယ်ရွယ်သူတွေနဲ့ တားဆေးသောက်နေသူတွေမှာ ဖြစ်တတ်တယ်။ အလိုလိုလဲပျောက်သွားနိုင်တယ်။ အေးခဲနည်းနဲ့လဲကုသပေးနိုင်တယ်။

2. Atrophic vaginitis မွေးလမ်းခြောက်သွေ့ခြင်း၊ သွေးဆုံးပြီးအမျိုးသမီးတွေမှာဖြစ်တယ်။ estrogen ဟော်မုန်းကို ထည့်ဆေးနဲ့ သောက်ဆေးပေးတယ်။

3. STDs လိင်ကတဆင့်ကူးစက်ရောဂါ၊ ကယ်လ်မိုင်ဒီးယား နဲ့ ဂနိုရီးယားတွေကနေဖြစ်စေနိုင်တယ်။ ဆိုင်ရာပိုးသေဆေးပေးရင် ပျောက်တယ်။

4. ထွိုင်ကိုမိုးနပ်စ်ပိုးဝင်ခြင်း၊ လိင်ကတဆင့်ကူးစက်ရောဂါ၊ အဖြူဆင်းမယ်၊ ယားမယ်။ ပိုးသေဆေးပေးရင် ပျောက်တယ်။

5. ကင်ဆာ ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အသားပို၊ စနစ်တကျဆေးကုရမယ်။ ၆% က ကင်ဆာ ဖြစ်တယ်။

6. Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ၊ ကလေးမရနိုသ်သေးတဲ့ အသက်လဲ သိပ်မငယ်တဲ့ အမျိုးသမီးတွေမျာဖြစ်တယ်။ အတူနေရင်လဲ နာမယ်။

7. Uterine polyps သားအိမ်အသားပို၊ ခွဲစိတ်ကုသရင်ပျောက်တယ်။

8. Cervical dysplasia ကင်ဆာနဲ့ဆင်တဲ့အဆင့်၊ CIN ခေါ်တယ်။ စနစ်တကျကုသရမယ်။

9. Vaginal yeast infection မွေးလမ်း မှိုပိုးဝင်ခြင်း၊ အနံ့ဆိုတဲ့ အဖြူဆင်းမယ်၊ ဒိန်ခဲလိုဆင်းမယ်။ ဆေးကုရင်ပျောက်တယ်။

10.  Fibroid tumors သားအိမ်အကျိတ်၊ အဖြစ်နည်းပါး။ ကလေးမရသေးသူတွေမှာပိုဖြစ်တယ်။ ခွဲစိတ်ကုသရင် ပျောက်တယ်။

ကျွန်တော်ရေးတာတွေ ကျွန်တော့စာတွေလို့ ကိုးကားရင် တခါတခါ လန့်နေမိတယ်။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး