Friday, October 26, 2018

Red and Green Buds အင်ဒိုနီးရှားပန်း

ဘုရားပန်းပုံတခုတင်တော့ ဘာပန်းလဲ မေးကြတယ်။ ကျွန်တော်က မသိပါ။ ကွန်မင့်တခုက အဖြေပေးတယ်။ အာစီယန်သပြေပန်းတဲ့။ အဲတာနဲ့ လိုက်ရှာပါတယ်။ တွေ့တယ်။

Pohon Pucuk Merah (Syzigiumoleina) လို့ခေါ်ပါသတဲ့။ Indonesian Red and Green Buds အင်ဒိုနီးရှားကပန်း။

အသိပညာဆိုတာ မွေးကတည်းက ဘယ်သူမှ မတတ်ကြပါ။ သင်ယူရတယ်။ မေးယူရတယ်။ ရှာယူရတယ်။ မေးတာနဲ့ ရှာတာမှာ ခိုင်မာ မှန်ကန်တာကို ရှာတတ်ဖို့ကလည်း ပညာဖြစ်ပါတယ်။ တချို့က သာလာယံဇရပ်မှာရေးတားတာမျိုး ကိုးကွယ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...