Color of Democracy မပြီးသေးသော ပန်းချီကားတချပ်

သစ်ပင်တွေရဲ့သဘာဝ အရောင်အသွေးပြောင်းလဲခြင်းဟာ အပြစ်ကင်းတယ်။ နိုင်ငံရေးမှာ အဲလိုပြောင်းတာမျိုးကို သဘာဝမကျဘူးလို့ပြောကြတယ်။ သက်ရှိလူတွေနဲ့ သစ်ပင်တွေ မတူလို့ဖြစ်တယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ မပြောင်းတော့ပဲ တရားသေဆုပ်ထားတာမျိုးကိုတော့ သဘောမတူပါ။

တကယ့်အရှိကို ထင်ဟပ်ပြီး၊ အများစုဘက်မှာရပ်မှသာ ဒီမိုကရေစီမည်တယ်။ ၁၉၉ဝ တုန်းကနဲ့ မတူတော့တာ သိတယ်။ ၂ဝ၁ဝ နဲ့ ၂ဝ၁၅ က ခြားနားတယ်။ ဒါပေမဲ့ ၁၉၉ဝ နဲ့ ၂ဝ၁၅ လာတူနေတယ်။ အဲတာကတမျိုး။ သဘာဝမကျတဲ့နိုင်ငံရေး ရှိခဲ့လို့ဖြစ်တယ်။

လွန်ခဲ့တဲ့ ၃ နှစ်တိတိက သည်လိုနေ့ နေ့ခင်းလောက်မှာ မိုးလေးဖွဲဖွဲရွာတယ်။ အပြင်မှာ အရောင်စိုပြီး စုံလှတဲ့ ပန်းချီကားကို ကြည့်ရတယ်။ အရင်က အစိမ်းတရောင်သာရှိခဲ့တဲ့ သစ်ပင်တွေဟာ အဝါ၊ လိမ်မော်ဝါ၊ ဝါညို။ မိုးကလည်းစိုစို၊ တကယ့်ကို ရေဆေးရှုခင်းကားလို။ နီညိုနဲ့ အနီဟာ၊ လိုက်ဖက်ညီပါတယ်။ မြန်မာပြည်မှာ ပင်နီနဲ့ အနီ လိုက်ဖက်ညီတယ်၊ လူတွေလည်း ညီတယ်၊ စည်တယ်၊ မြည်တယ်၊ တည်တယ်လို့ ရေးခဲ့ပါတယ်။

အဲတာ မပြီးသေးတဲ့ပန်းချီကားတချပ်သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၅
၂၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ