Mirror Letters မှန်စာ

ကွန်မင့်တခုရတယ်။ ကျေးဇူး။

ရွှေလရယ်သာ့ ဖျင်းကိုခါလို့ ဖျာကိုခင်း၊ ယာကိုရှစ်လို့ ရစ်ကိုရှာ၊ သဝင်ရုံးလို့ သရုံးဝင်၊ ရောင်ရွှေရစ်ကယ် ရစ်ရွှေရောင်၊ မာမလောင်တော့ မောင်မလာ၊ ပျို့ရွှေနှဖာစူးတော့ မောင့်ရွှေနှဖူးစာ့ အမှားတွေကတော့ပါမှာပါ။ အဲတာ ၁တန်း ၂တန်း ဘယ်အတန်းကကဗျာလည်းမသိဘူး။ ငယ်တုန်းက ဆိုကောင်းလို့မှတ်မိနေတာပါ။

အတာမျိုးကို မှန်စာ သို့မဟုတ် ကြေးမုံစာခေါ်တယ်။ တချို့က နားမလည်ကြပါ။ ဒေလီမှာ ဆရာ့ဆေးခန်းမှာလာကူကြတဲ့ တိုင်းသားလူမျိုးစုထဲက ဆရာမလေးတွေကို မွေးလူနာစောင့်နေရင်း ဘီးကြိုက်ဆိုတာ ဘာလဲမေးတာ ဘီးကြိုက် ကြိုက်ဘီးလို့ ဖြေတယ်။

အင်းဗျူးလင့်စ် ခေါ် လူနာတင်ယာဉ်တွေရဲ့ ကားရှေ့မှန်ပေါ်မှာ စာလုံးပေါင်းကို မှန်စာနဲ့ရေးထားလေ့ရှိတယ်။ ရှေ့ကသွားနေတဲ့ကးရဲ့ နောက်ကြည့်မှန်ကနေ အတည့်မြင်ရတယ်။

မော်ဒန်ကာတွန်းထဲမှာ ကာတွန်းအောင်ရှိန်ရေးတာတခု ခုထိအမှတ်ရတယ်။

ရော်ပေ လောက်ရှမ်း အထန်း အဆူးတဲ့။ လူရိုင်းတယောက် ရေပေါ်မှာ လမ်းသလားနေတယ်။ အမှန်က ရေထဲငုပ်နေကြတဲ့ တခြားလူရိုင်းတွေရဲ့ ခေါင်းပေါ်ကနေလျှောက်နေတာ။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး