FB Medicines သူများစီးပွါးရေးလည်း အားနာရတယ်

ဆရာ ဒီလိုသောက်ရင် တကယ်ပဲ အဆုတ် သန့်စေပါသလား ခဗျ fb ပေါ်ခဏ ခဏ တွေ့တွေ့နေလို့ပါ

အဲလိုဟာတွေအတွက် အချိန်ပုပ်မခံလိုပါ။ တမျိုးပြီးတမျိုး တခုပြီးတခု တယောက်ပြီးတယောက်က မေးကြတယ်။

ကျွန်တော့်မှာ သူများစီးပွါးရေးလည်း အားနာရတယ်။ မနေ့ကပဲတင်ထားသေးတယ်။ ဗြိတိန်နိုင်ငံသားတယောက် လက်ဖက်ရွက်ဆေးတမျိုးသောက်ရာကနေ အသဲပျက်စီးလို့ အစားထိုးရတယ်။

အဆုတ်သန့်ဆေး မရှိပါ။ သားအိမ်သန့်ဆေး မရှိပါ။ သွေးသန့်ဆေး မရှိပါ။ ဦးနှောက်ကောင်းဆေးမရှိပါ။ ၁၆ နှစ်သမီးလိုပြန်ဖြစ်တဲ့ဆေး မရှိပါ။

မေးခွန်းပါပုံတွေတင်ရင် ကျွန်တော့်မှာ သူများစီးပွါးရေး အားနာရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး