Life လောကကြီး

အပြင်မှာ လေတွေ အတော်တိုက်နေတယ်လို့ အိမ်ရှင်မကပြောတယ်။ ခဏနေတော့ မီးပျက်သွားတယ်။ မြေးမလေးက ဖုန်းမှာ စထောင်းဝန်နင် လာထားတယ်တဲ့။

ဒီအိမ်ရောက်မှ မီးပျက်တာ နှစ်ခါရှိပြီ။ မီးမလာတော့ ဝိုင်ဖိုင် မရတော့။ ပြင်ပလောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတော့တယ်။

အိမ်ကို ကလေးတွေလာလည်ပြီး အကုန်ပြန်သွားကြရင် နားထဲမှာ အူနေသလိုကျန်ရစ်တယ်။ ဆူတာပူတာတွေနဲ့ အနေကြာခဲ့လို့။

ပြင်ပလောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတော့ ဆူတာပူတာတွေမဖတ်ရလို့ မနေတတ်သလို။ အဲလိုပါပဲ အမှား ထောက်ပြတာတွေ မဖတ်ရတော့ သက်သာသွားကြမယ်။

အိမ်ထဲမှာ ဖရောင်းတိုင်မီး၊ အပြင်မှာ ဆိုလာမီးနဲ့ လရောင်။

လျှပ်စစ်လောကကြီး ဘယ်တော့ အသက်ပြန်ဝင်လာမလဲ။ သတ်ပုံမှားလောကကြီး ဘယ်တော့ အသက်ပြန်ဝင်လာမလဲ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၈
ညနေ ၅ နာရီ ၅၄ မိနစ်။
ည ၉ နာရီ ခွဲလောက်မှာ မီးပြန်လာပါတယ်။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး