Tuesday, October 30, 2018

မလုပ်သင့်မလုပ်ထိုက်တဲ့ အွန်လိုင်းပေါ်ကစာအုပ်များ

အွန်လိုင်းမှာ ဒေါင်းလုဒ်လုပ်နိုင်တဲ့စာအုပ်တွေ အများကြီးတင်ထားကြတယ်။ တချို့စာအုပ်တွေက အတော်ကို တန်ဖိုးရှိတယ်။ တချို့စာအုပ်တွေကတော့

မြန်မာ့စွယ်စုံကျမ်း (ဦးနု) လိုတင်ထားတကို နှိပ်ကြည့်လိုက်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းကို ဝန်ကြီးချုပ်ဦးနုက ပြုစာထားခဲ့တာ မဟုတ်ပါ။ ကျွန်တော်က မူရင်းစာအုပ်တစုံလုံးကို အခုတိုင်းပြည်အထိ ရအောင်သယ်ယူလာခဲ့ပါတယ်။

အွန်လိုင်းတင်ထားတာမှာ ပြင်ထားတယ်။ နမူနာနည်းနည်းလေးသာ ထောက်ပြပါမယ်။ အတွဲ (၁) စာမျက်နှာ (၁)။

ကကတစ်။

မူရင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတလျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတမျိုးဖြစ်သည်။

အွန်လိုင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတစ်မျိုး ဖြစ်သည်။

တ နှစ်လုံးကို တစ် လို့ပြင်ထားတယ်။

ကကုသန်မြတ်စွာဘုရား။

မူရင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပဌမဆုံးပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

အွန်လိုင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

ပဌမ ကို ပထမ လို့ပြင်ထားတယ်။

အချက်အလက်လည်းမမှန်၊ သတ်ပုံတွေလည်းလွဲအောင်ပြင်ထားခြင်းဟာ မလုပ်သင့်မလုပ်ထိုက်တာလို့ အခိုင်အမာ ယူဆပါတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၀-၂၀၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀