Thursday, October 25, 2018

Sweeper တံမြက်စည်းသမား

မန်းရှင်းရေးသူ ၉၅% လောက်က ပို့စ်ကို အကောင်း-အဆိုးမပြောကြပါ။ မတတ်နိုင်။ ကျွန်တော်နားမလည်လို့ မကြိုက်တဲ့ မန်းရှင်းကိုတော့ လွှတ်ထားရတယ်။

မန်းရှင်းသမားတွေရေးကြတဲ့ သယ်ချင်း၊ သယ်ရင်း၊ ဖတ်ကျိ၊ ရှယ်လိုက်ပီ ဆိုတာတွေကို အမြင်ကပ်ပါတယ်။ ဆောရီး။

ကြီးကျယ်တယ်တော့ မထင်စေလိုပါ။ ကျွန်တော်လည်း မှားတတ်တယ်။ ပြင်ပါတယ်။ ကျွန်တော့်နေရာကျဉ်းကျဉ်းလေးမှာ နေ့တိုင်း ဖုန်ခါတယ်။ အမှိုက်ကောက်တယ်။ တံမြက်စည်းလှည်းတယ်။

တချို့ကတော့ တံမြက်စည်းကို ခွစီးတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၇
၂၅-၁ဝ-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...