Rickshaw ဆိုက်ကားခပေးမယ်

ကွန်မင့်တခုရတယ်။ မြန်မာစာ သတ်ပုံသင်တန်း အခမဲ့ ဒေါက်တာတင့်ဆွေ ဆိုင်းဘုတ်ထောင်ပြီး ကြော်ငြာထားရမလိုဘဲ။

ဆိုက်ကားခပေးမယ်။ မုံ့လည်းကျွေးမယ်ဆိုရင်တော့ လာကြမယ်။

ကွန်မင့်ပေးသူနဲ့ နယူးဒေလီမှာ အတူနေခဲ့ဖူးတယ်။ နိုင်ငံရေးပါတီလည်း အတူတူ။

အိန္ဒိယမှာ နိုင်ငံသင်တန်းတို့ ဝပ်ရှော့တို့ အခမ်းအနားတို့ နှစ်ပတ်လည်နေ့တို့ကို လူတွေလာအောင် ဖိတ်စာထဲမှာ မုံ့ဟင်းခါ၊ စမူဆာ စသဖြင့်ထည့်ရေးရတာကို အမှတ်ရလို့။ ခရီးစရိတ်လည်း ပါရသေးတာ။ ပြည်ပနိုင်ငံရေး ဆိုက်ကာခပေးမှ လူလာတယ်။ မြန်မာစာက ဒိထက်ဈေးကြီးမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး