ကြာဆန်

ကြာဆန်ဟင်းလာပို့တာ စားရတယ်။ ကောင်း။ သတ်ပုံမှားတာတွေ မကြာခဏဖတ်ရတယ်။ မကောင်း။ ကြာဆန်လို့ရေးပြီး ကြာဇံအသံထွက်ရပါတယ်။

• ကြာကြာ စံစားနိုင်အောင် ကြာဆံကြော့့်
• ကြာစံချက်ပါဆရာ။ လူ့ဘဝသက်တန်းအရှည်ကြီးနေရအောင်၊ ကြာကြာစံရအောင့့်
• ကြာဇံပါရှင့့်
• ကြာကြာစံဖို့ ကြာဇံကြော်တွေကျွေးနေကြပြီဆရာ့
• ကြာဇံဟင်းခါး ကျွေးတယ်ရှင့့်

ဆန်
ကလန်ကဆန်
ခလောက်ဆန်
စုန်ဆန်
ဆန်ကွဲဆန်နုပ်
ဆန်ကုန်မြေလေး
ဆန်ခါကျဲ
ဆန်ခါခုံး
ဆန်ခါစိပ်
ဆန်ပုံးရည်
ဆန်ပန်းပေါက်ပေါက်
ဆန်ဖွပ်
ဆန်ပြာ
ဆန်ပြုတ်
ဆန်ဖြုန်း
ဆန်လုံးတီး
ဆန်လတ်
ဆန်ကော
ဆန်ကျော်ဆန်ကြမ်း
ဆန်ခေါက်ဆွဲ
ဆန်ပြောင်းပင်
ထီးဆန်နန်းဆန်
ကြက်ဥ အဆန်ချောင်
ကြာဆန်
ငြင်းဆန်
ရုံးရင်းဆန်ခတ်
လုံးကြီးတင်ဆန်ခတ်
အလိုဆန္ဒ
အာဏာဖီဆန်
ခေတ်ဆန်
ရေစုန် ရေဆန်

ဆံ
ဆံကျင် (ဥသျှောင်၊ ဆံထိုး)
ဆံကျစ်ရသေ့
ဆံချ
ဆံစပ်
ဆံစု
ဆံတရွက်မျှ = ဆံတပင်မျှ = အနည်းငယ်မျှ
ဆံထုံး
ဆံထိုး
ဆံထိုးဆံညှပ်
ဆံပင်ရိတ်
ဆံပတ်
ဆံမြိတ်
ဆံခြည် (နာရီ)
ဆံခြည်မျှင်
ဆံခြည်ထွေး
ဆံရစ်ဝိုင်း
ဆံလျဉ်
ဆံတောက်
ဆက်ဆံသည်
ဆက်ဆံရေး
မြင်းလည်ဆံ
ဝတ်ဆံ
အုန်းဆံ

စံ
စံကားစိမ်းပင်
စံကားပင်
စံချိန်မီ
စံစားခံစား
စံစားသည်
စံတင်လောက်သည်
စံတည်
စံနစ်
စံနည်း
စံနမူနာ
စံပ
စံပယ်တင်မှဲ့
စံပယ်ထပ်အမိုး
စံပယ်ပင်
စံပယ်ပန်း
စံပယ်တော်မူသည်
စံမီ
စံပြ
စံမြန်း
စံကျောင်း
စံတော်ချိန်
စံရွေး
စံနှုန်း
စိုးစံတော်မူသည်
ထုံးစံရှိသည်
နတ်ရွာစံသည်
ပုံစံ
ရွှင်ပျော်စံ
ပျော်စံသည်

မြန်မာစာမှာ ဇံ မရှိပါ။ ပုထုဇန်နဲ့ ကလျာဏပုထုဇန်လို့တော့ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး