ပျက် နှင့် ပြက်

လျှပ်စစ်တို့သည် တညီးညီးပြက်ကုန်၏လို့တင်ထားတာကို မေးပါတယ်။

လျှပ်စစ်တို့သည် တညီးညီးပျက်ကုန်၏ ထင်ရဲ့ဆရာ ပျက်စီး ပြက်ရယ်ပြု အမှားပါရင် ခွင့်လွှတ်ပါ။

ပြက်ပြက်ထင်ထင်လို့ ရေးပါတယ်။

ပျက်
ကိုယ်ဝန်ပျက်ကျ။
စည်းကမ်းပျက်။
စိတ်ပျက်လက်ပျက်။
တရားပျက်။
ပျက္ခဒိန် (အသုံးဟောင်း)။
ပျက်စီးဆုံးပါး။
မပျက်မကွက်။
လူပျက် (ပျက်စီးနေသောသူ)။
ဝမ်းပျက်။
အစားပျက်။
အကြံအစည်ပျက်။
အဖြစ်အပျက်။
အနေအထိုင်ပျက်။
ပေါ့ပျက်ပျက်။
သွေးပျက်
အသွားအလာပျက်

ပြက်
ထုပြက်အလျားအနံ။
ပျဉ်ထုပြက်
ကြာနေပြက်သို့
ပြက်ပြက်ထင်ထင် (ထင်ထင်ရှားရှား)။
ပြက်ပြယ်ပြယ်
ပြက်ရယ်ကျီစယ်
ပြက်ရယ်ပြုသည်။
ပြက်လုံးထုတ်။
ပြက်ချော်ချော်။
ပြက်ရပ်စကား
ပြိုးပြိုးပြက်ပြက်။
လက်ဝါးပြက်။
လျှပ်စစ်ပြက်။ (မီးပျက်တာ မဟုတ်ပါ။ လျှပ်စီးပြက်တာ။)
လူပြက် (လူရွှင်တော်)။
သပြက်ပင်။
တောင်တပြက်။

လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စက်ရောင်ခြည်မျှင်၊ ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်။ နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၊ လွမ်းအောင်ဖေါ်ပြ အာကာဝေဟင်၊ ဘယ် ရှေးဝဋ်ကြွေးတုံ့တင် ချေပြီ ထင်ခဲ့ ခိုမီရာမဲ့ ရှုလှဲ့မြင်လှဲ့စေခင် ချစ်တဲ့သူရဲ့ရင်ခွင် တကိုယ်ရေအားနွဲ့နွဲ့ တုန်ပြီရွှေဘဝင် ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင် အော့့် မိုးသက်လေနှင့့်

မိုးသက်လေနှင် https://www.youtube.com/watch?v=MjCh6a67KqI

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ