ဤမီးတိုင်
ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင်
နံ့ကြိုင်ကြိုင်ဖြင့်
တတိုင်ဆီမီး
ထိန်ထိန်ညီးတည့်။
သူ့အလျှံမှ
တဖန်ကူးဘိ
သူငါညှိလည်း
မသိလျော့ရာ
ထိန်မြဲသာတည့်။
ငွေတာရီကဗျာက အလယ်တန်းကျောင်းသုံး မြန်မာကဗျာလက်ရွေးစင်စာအုပ်ထဲမှာ စာမျက်နှာ နှစ်မျက်နှာကူးနေလို့ ဓါတ်ပုံတွေ ရိုက်မတင်တော့ပါ။ သတ်ပုံမှန်ကို ဘယ်လိုရေးသလဲကို တင်ပြပါတယ်။ တစ်တိုင်ဆီမီး မဟုတ်ပါ။ တစ်ဖန်ကူးဘိ မဟုတ်ပါ။
ဆီမီးအရောင်ရ၍ ပညာထွန်းပြောင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၈

Comments
Post a Comment