An Old Tree တချိန်က သစ်ပင်ကြီး

ပို့စ်တခု တွေ့တယ်။ ဆောရီး။

ကျနော်တို့ ချစ်ခင်လေးစားရတဲ့ အန်တီနီ (ဒေါ်မေနှင်းကြည် - မိုးကုတ် NLD 1990 MP) ဒီနေ့ နံနက် အစောပိုင်း အချိန်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

ဒေါ်မေနှင်းကြည်နဲ့ လူချင်းမရင်းနှီးလိုက်ရပါ။ ၁၉၉၀ ထဲက တယောက်ပြီးတယောက်၊ တပွင့်ပြီးတပွင့်၊ တရွက်ပြီးတရွက်။

အပွင့်တွေ အရွက်တွေ မကျန်တော့လည်း အမြစ်ကတော့ မြေမှာ တွယ်နေရစ်ပါတယ်။

ချွေသူ ချိုင်သူ ခုတ်လှဲခဲ့သူတွေလည်း တဇာတ်သိမ်းကြပြီ။

မြန်မာ့မြေမှာ အမျိုးကောင်းအပင်တွေ ရှင်သန်ပါစေသတည်း။ တရားမဝင်ခုတ်လှဲသူတွေ ကင်းပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၈

Comments