ASV မြွေဆေး သို့မဟုတ် ဝေါဟာရနိုင်ငံရေး

လူရင်းတယောက်ကတင်ထားတယ်။ တချိန်ကတိုင်းပြည်မှာ BPI ဆေးဟာ ပြည်ပထိနာမည်ကြီးခဲ့ပါတယ်။ အခုပြန်လုပ်ဖို့ အချိန်ရောက်ပါပြီတဲ့။

မဆလ ခေတ်မှာ တခုတည်းသာရှိတဲ့၊ ဘီပီအိုင်ကနေ ဆေးတွေထုတ်တယ်။ မြန်မာ့ဆိုရှယ်လစ်ခေတ်စက်ရုံတွေ ရာထောင် ရှိခဲ့တာထဲမှာ တခုတည်းသော အရည်အသွေးမီစက်ရုံဖြစ်တယ်။ ဆေးရုံတွေက ခွဲတမ်းနဲ့သာဆေးတွေရတယ်။ ဆေးဂိုထောင်က တာဝန်ရှိသူတွေနဲ့ ခင်အောင်မင်အောင် ပေါင်းခဲ့လို့ မြွေဆေး လုံလောက်လုနီးပါးရခဲ့တယ်။ မြန်မာပြည်က လူနာတွေအတွက် ဘီပီအိုင်ကထုတ်တဲ့ မြွေဆေးကို အမေရိကန်ထုတ် အင်္ဂလန်ထုတ်တွေက မမီပါ။ ကိုယ့်မြွေနဲ့ထုတ်တဲ့ဆေးဖြစ်လို့။

အခု ဘီပီအိုင်အမည်နဲ့ လုပ်နေပြီလို့ မေးခွန်းတွေအရသိရတယ်။ ဘီ ကို အင်မ် ပြောင်းလို့ ပိုမကောင်းနိုင်တာတွေ အများကြီးတွေ့ရတယ်။ အဲလိုမပြောင်းရင် လုပ်ခွင့်မရှိတဲ့။

တနေ့က ကုမ္ပဏီအမည်အတွက် အင်္ဂလိပ်စာလုံးပေါင်း တယောက်က မေးပါတယ်။ ယျ ကို ဘယ်လိုပေါင်းမလဲတဲ့။ ဝိုင်အေ နဲ့ ပေါင်းမရတဲ့။ ဟာ့ ဘာလို့လဲ။ အရင်တခုက အဲဒီစာလုံးပေါင်းနဲ့ မှတ်ပုံတင်ပြီးသားရှိလို့တဲ့။ အော့့်

ဝေါဟာရကို နိုင်ငံရေးလုပ်တာနဲ့ အလုပ်များနေကြတယ်။ အရေးကြီးတာက မြွေဆေးကောင်းကောင်းကို လုံလောက်အောင် ထုတ်ဖို့သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး