ထက် ထည့် ထပ်

(ကန်တော့)

၁။ မတ်လမှာ အိမ်ထောင်ကျပါတယ်ရှင့်။ ၉ ရက်နေ့မှာ ထက်နေပါတယ်။ ထပ်နေပါတယ်လို့ ရေးရ။

၂။ ရုပ်ရည်ချောမောတဲ့ယောက်ျားကို လက်ထက်ပါ။ ပိုက်ဆံချမ်းသာတဲ့ ယောက်ျားကို လက်ထက်ပါ။ လက်ထပ်လို့ ရေးရ။

၃။ သမီးအသက် ၂၃ ပါ။ သမီးလက်ထက်ထားတာ သိပ်မကြာသေးပါဘူး။ လက်ထပ်လို့ ရေးရ။

၎။ ကျမ လက်ထက်တော့မှာပါဆရာ။ လက်ထပ်လို့ ရေးရ။

၅။ ထက်ကြပ်မကွာလား ထပ်ကြပ်မကွာလားခင်ဗျား။ ထက်ကြပ်မကွာက မှန်ပါတယ်။

၆။ သမီးအသက် ၂၀ထဲမှာပါ။ ဒုတိယအကြိမ်ထက်နေရင်။ ထပ်နေရင်လို့ ရေးရ။

၇။ အသက် ၂၅။ မ။ ၂ပတ်အကြာ အမဲစက်များ ထက်ထွက်လာပါတယ်ရှင့်။ ထပ်ထွက်လို့ ရေးရ။

၈။ အရင်ကမေးဖူးလို့ ကျွန်မ ထက်မရေးတော့တာပါ။ ထပ်မရေးတော့တာပါလို့ ရေးရ။

၉။ တလုံးဘယ်လောက်လဲ ဈေးနှုံးထက်ရေးပေးပါ။

ထက်
ကိုယ့်ထက်သာ မနာလို
ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး
စိတ်အားထက်သန်
ဆရာ့ထက် သားတလကြီး
ဆရာထက် တပည့်လက်စောင်းထက်
ဉာဏ်ထက်သောသူ
ထက်ထက်မြက်မြက်
ထက်ကြပ်မကွာလိုက်ပါ
ထက်ခြမ်းခွဲပါ
ထက်မြက်သောသူ
ထက်ဝက်ခွဲပါ
ထက်ဝန်းကျင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်
ထက်သန်
ထက်အောက်ညာကြေ
ဓါးထက်ထက်နဲ့ ဝါးခွဲပါ
မထတ်မပျောင်း၊ ကြိုင်နံ့လှောင်းသား (ဘူရိဒတ်လင်္ကာ)
သူ့ထက်ငါ
အထက်အောက်
အဖထက် သားတလကြီး
ထောင်နေတဲ့ဒူး လဲတာထက်ဆိုး
နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ
ပျော့ထတ်ထတ်
ပျောင်းပျောင်းထတ်ထတ်

ထည့်
ခွက်ထဲထည့်ပါ
စာထည့်ပါ
ထည့်ထားပါ
ထည့်ဝင်ပါ
အိပ်ထဲထည့်ပါ
ငွေထည့်ပါ
ပြောထည့်ပါလော

ထပ်
ထပ်ဆင့်စကား ပြောကြားပေးပါ
ထပ်တရာပန်း
ထပ်တွန့်မနေပါနဲ့
ထပ်တလဲလဲပြောနေရတယ်
ထပ်ထူထပ်မျှ
ထပ်ပိုးနှစ်လီ
ထပ်မံပြုပြင်ထားသည်
ထပ်ကျော့သီဆိုသည်
ထပ်ချောဖွပ်ထားသည်
ထိမ်းမြားလက်ထပ်သည်
ထူထပ်သောတော
ပဲ့တင်ထပ်
ဝါထပ်နှစ်
သဘောချင်းထပ်တူကျသည်
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း
အပြောထပ်နေသည်

နွေဦးကာလ၊ မြူထသောခါ၊ ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊

သတ်ပုံမမှန်သူတဲ့သူကို လက်မထပ်ပါနဲ့လို့သာပြောရင် အပျိုကြီးတွေ လူပျိုကြီးတွေသာ များလိမ့်မယ်။ အိုးရွဲ့နဲ့ စလောင်းရွဲ့တော့ အဆင်ပြေကြပါတယ်။ သားသမီးတွေ ပိုဆိုးကြမလား မသိနိုင်။ မြန်မာစာ ထန်းရေမူးနေတာ ကြာပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး