Friday, October 26, 2018

Omeprazole ဆေး သတိပေးချက်

Esomeprazole or Omeprazole have been linked to severe kidney issues လို့ရေးပြီး နစ်နာသူတွေအတွက် ရှေ့နေလိုက်ပေးမယ်လို့ ဖေ့စ်ဘွတ်မှာ တင်တယ်။ ကျွန်တော်က ဆေးစာတွေရေးလို့ ပေါ်တာဖြစ်နိုင်တယ်။

အိုမီပရာဇိုးဆေးကို GERD ခေါ် အစာအိမ်နဲ့ အစာမြိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ အတွက်သုံးတယ်။ Proton pump inhibitors ဆေးအမျိုးအစား Omeprazole, Lansoprazole, Pantoprazole, Rabeprazole, Esomeprazole ဆေးတွေကတော့ လက္ခဏာတွေ သက်သာစေတယ်။ အနာလဲ ကျက်စေတယ်။ Omeprazole 20-40 mg အစာမစားခင်၊ တနေ့ ၁ ကြိမ်၊ ၁၄ ရက်။

GERD အတွက်သာမက Erosive esophagitis ခေါ် အစာမြိုပြွန်ရောင်တာအတွက်ပါပေးတယ်။ H. pylori ခေါ် ပိုးကြောင့် ဖြစ်ရတဲ့ အစာအိမ်အနာအတွက်လည်း ပေးတယ်။

အိုမီပရာဇိုး ဘေးထွက်သက်ရောက်မှုများ = ဗိုက်အောင့်၊ လေတက်၊ ပျို့အန်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ အဆစ်နာ။

ကိုယ်ဝန်မှာ ရှောင်နိုင်ရင်ကောင်းပါမယ်။ FDA category C သတ်မှတ်ထားတယ်။ အထဲကကလေးကို သက်ရောက်စေနိုင်တယ်။

Omeprazole ဆေးကနေ ကျောက်ကပ်ရောဂါဖြစ်စေမှာကို အထူးသတိထားရတယ်။

Omeprazole အိုမီပရာဇိုး https://doctortintswe.blogspot.com/2016/07/omeprazole.html

Dr. တင့်ဆွေ
၂၆-၁ဝ-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀