စာတလုံး ဘုရားတဆူ

လွန်ခဲ့တဲ့တပတ်လောက် သူ့ကလေးကို မြန်မာစာမှန်မှန်ကန်ကန်သင်ပေးချင်တဲ့ ဖခင်တဦးက ကိုးကားစရာစာအုပ် မေးပါတယ်။ ကျွန်တော်က စာအုပ်တွေနဲ့ လက်လှမ်းဝေးပါတယ်။ ပြည်တွင်းမှာနေသူတွေကတော့ ပေါ်လစီသတ်ပုံ စာအုပ်တွေ ပြေးမလွတ် ရှောင်မရ သွားလေရာ ခလုတ်တိုက်လောက်အာင် ပေါများတယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ဝ၊ စာမျက်နှာက ၃၅၈ ကနေ ၃၆၆ အထိမှာ မြန်မာသဒ္ဒါအကြောင်းပါတယ်။ စကန်လုပ်ဖို့ ကြိုးစားတာ အဆင်မပြေသေးပါ။ ဆောရီး။

အရေအတွက် အတိုင်းအတာကိုပြသော နာမဝိသေသနအောက်မှာ သည်လိုပါရှိပါတယ်။

ကုန်သည် တဦး၊ ပုတီး နှစ်ကုံး၊ နွား သုံးကောင်၊ မျဉ်း လေးကြောင်း၊ လက်စွပ် နှစ်ကွင်း၊ ခုံ တခု၊ ပန်း နှစ်ခိုင်၊ ဖျာ နှစ်ချပ်၊ အပ် သုံးချောင်း၊ ကြိုး တခွေ၊ စကား တခွန်း၊ မြင်း ငါးစီး၊ လှေ သုံးစင်း၊ ထင်း တစည်း၊ စာ တစောင်၊ ဘိနပ် တစုံ၊ ဘုရား တဆူ၊ သိမ် နှစ်ဆောင်၊ ကြွက်သွန် တတက်၊ စပျစ်သီး တတွဲ၊ ဆပ်ပြာ နှစ်တုံး၊ အုတ် နှစ်ထပ်၊ အင်္ကျီ နှစ်ထည်၊ ညောင် လေးပင်၊ ရဟန်း သုံးပါး၊ ပိုက်ဆံ တပြား။

ခုခေတ်မှာ သတ်ပုံအမှားတွေ သင်ပေးနေကြကြောင်း ထပ်လောင်း သက်သေထူလိုက်ပါတယ်။ ပြင်ကြစေချင်တယ်။

ဂေါတမမြတ်စွာဘုရားဟာ ဘုရား တဆူဖြစ်ပါတယ်။ တစ်ဆူ မဟုတ်ပါ။ စာတလုံး ဘုရားတဆူလို့ ဆိုစကားလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး