Tuesday, October 30, 2018

Add အဒ်

ဆရာ အပ်နဲ့အတ်ကို ဘယ်လိုနေရာတွေမှာ သုံးရမလည်းဆိုတာ သိချင်လို့ပါဆရာ။ မိတ်ဆွေဖြစ်ဖို့အပ်တာဆိုရင် အတ်လိုက်မယ်နဲ့ အပ်လိုက်မယ် ဘယ်ဟာအမှန်ပါလည်းဆရာ။

Add ဆိုတာ ဖရင်းအဖြစ်စာရင်းထည့်သွင်းပါလို့ပြောကြတယ်။ အသံထွက်က အဒ်ဖြစ်တယ်။ အပ်လို့လည်း မမှန်၊ အတ်လို့လည်း မမှန်ပါ။ အက်လို့လည်း မမှန်။ အဓိပ္ပါယ်က ထည့်တာ၊ ပေါင်းတာ။

အပ်က အပ်နှံသည်အဓိပ္ပါယ်ရလို့ သင့်ပေမဲ့ အသံထွက်ကိုယူတာ မဟုတ်ပြန်ပါ။ အပ်ထားတာက သိမ်းထားပေးပါ စောင့်ရှောက်ပေးပါလို့ ဆိုလိုတယ်။ ကလေးကျောင်းအပ်တာနဲ့တူတယ်။ အပ်ပေးပါလို့ရေးရင် အဝတ်ချုပ်ဘို့လား တွေးမိတယ်။

အပ်
တပ်အပ်သေချာ
ပြုသင့်ပြုအပ်
ရင်ချင်းအပ်
အပ်ကျမပ်ကျ (နောက်ပေါ်)
အပ်ကျမှတ်ကျသိသည် (ယခင်အသုံး)
အပ်ချည်လုံး
အပ်ချုပ်ခုံ
အပ်စပ်
အပ်ထည်
အပ်နဖါးပေါက်
အပ်ပြန်ပေါက်
အပ်နှံ
အဝတ်ချုပ်သည့်အပ်
ကျောင်းအပ်သည်

အတ်
အတ္တနောမတိ
အတ္တဟိတ
အတ္ထုပ္ပတ္တိ

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...