Feedback ဖိဒ်ဘက် ဖေ့စ်ဘွတ်မဟုတ်

မြန်မာပြည်ကအလည်ပြန်လာသူ အိမ်ကိုလာလည်တယ်။ ကျွန်တော်က ပြည်ပနိုင်ငံရေးလုပ်နေစဉ် နှစ် ၂ဝ ကျော်အတွင်း ပြည်တွင်းကနေလာသူတိုင်းကို သွားတွေ့တယ်။ အိမ်ကို ထမင်းဖိတ်ကျွေးတယ်။ ဆွမ်းကပ်တယ်။ မြန်မာပြည်အကြောင်း မေးပါတယ်။

၁၉၆၁-၁၉၈၈ အတွင်းမှာ ၅ နှစ်စီမံကိန်းတွေ ၅ နှစ်တခါအောင်မြင်တယ်လို့ ဖတ်ရတယ်။ ၁၉၈၈-၂၀၁၅ အတွင်းမှာ လမ်း မိုင်ဘယ်လောက်၊ တံတားဘယ်နှစ်ခု၊ ကျောင်းဘယ်နှစ်ကျောင်း၊ ဆေးရုံဘယ်နှစ်ရုံဆိုတဲ့ တိုးလာတဲ့ကိန်းဂဏန်းတွေ နေ့တိုင်း သတင်းစာမှာပါတယ်။

ကနေ့လာသူက သူအရင် ၃ နှစ်ကတခေါက်ပြန်တာနဲ့ ကွာတာတွေတွေ့တယ်တဲ့။ ခက်ခက်ခဲခဲတွေရှိနေသေးတာမှန်ပေမဲ့ လူတွေက အသိတရား ပိုရှိလာကြတယ်လို့ ထင်ပါသတဲ့။

ကျွန်တော်က လူတွေကို ပိုသိချင်တာ။ အသိဉာဏ်ပညာနဲ့ စိတ်နေစိတ်ထား။

ခပ်တုံးတုံးတွေ နည်းစေချင်တာ။ အညာခံချင်သူတွေ နည်းစေချင်တာ။ ခြေနဲ့လက်သာသုံးသူတွေ နည်းပြီး၊ နှလုံးသားနဲ့ ဦးနှောက်သုံးတတ်သူတွေ များစေချင်တာ။

ဒေါက်တာတင့်ဆွေ
၂၈-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး