ဟုတ်ကပ်ဆရာ

မင်္ဂလာပါဆရာ ကျမ ကလေးမွေးထားတာ ၁ နှစ်ပြည့်တော့မယ်ဆရာ ရာသီအခုထိ မလာသေးဘူးဆရာ ကျမ ဆေးထိုးပါတယ် သုံးလခံဆေးပါ ရာသီမလာလို့ ဆေးပြန်စားနေပါတယ် အခု့

Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး https://doctortintswe.blogspot.com/2016/04/depo-provera.html ပို့လိုက်ပါတယ်။

ဟုတ်ကပ်ဆရာ

ဟုတ်ကဲလို့ ရေးသင့်တယ်။ ဆေးကန့် တကန့်လို့ရေးတာကို ပြင်မပေးခဲ့ပါ။ ဆေးကဒ်လို့ ရေးရတယ်။ ဘယ်လိုလုပ်ရမလဲလို့ ရေးရတယ်။

ဆေးကတ်၊ ကတ်ပြားလို့ အရေးများတယ်။ အင်္ဂလိပ်စာလုံးကနေယူတာဖြစ်လို့ သတ်ပုံမူသေထားဖို့ ခက်တယ်။ ကပ်ဆိုရင် စေးကပ်တာနဲ့ရောမယ်။ ဂတ်ပြားလို့ရေးတာကို မှားတယ်ပြောဖို့ ခက်ပြန်ရော။ အစောင့်ကို ဂတ်၊ ရဲစခန်းကို ဂတ်တဲ့လို့ သုံးတယ်။ ကဒ်ရေးတာက ပိုတိကျတယ်။ ဒ်ကို မသင့်ဘူးငြင်းရင်လည်းရတယ်။ ကတ်ကို အိမ်မိုးဝါးကတ်၊ မီးနေကတ်၊ သူနာတင်ကတ်၊ လူသေတင်ကတ်လို့ရေးခဲ့တယ်။ ပြားချပ်တဲ့သဘောဖြစ်လို့ ကတ်ပြားက သင့်မယ်ထင်ပါတယ်။

ကတ်
ကတရီးပန်း (ဝါခေါင်လတွင်ပွင့်သော ခတ္တာပန်းတမျိုး)
ကတ္တရာစေး
ကတ္တိကာ = ကြတ္တိကာ
ကတ္တူ = လှေ
ကတ္တရသင်္ချေပင်
ကတ္တရာစေး
ကတ္တရီပင်
ကတ္တဝါငှက်
ကတ္တား (သဒ္ဒါ)
ကတ္တားချိန်
ကတ္တားခြား
ကတ္တီပါ
ကတ်ကတ်သတ်သတ်
ကတ်ကုတ်
ကတ်တီးကတ်ဖဲ့
ကတ်ထရံ
ကတ်ထူဖုံး
ကတ်ပဲ့
ကတ်ဖိုးကတ်ဖဲ့ (ဆန့်ကျင်သော)
ကတ်ဖဲ့
ကတ်ဖဲ့လုပ်
ကတ်မိုးအိမ်
ကတ်ပြား
ကတ်သတ်
ကတ်သီးကတ်သတ်
ကတ်ကော်
ကတ်ကျေး (ယခင်သုံး)
ကတ်ကြေး (ယခုသုံး)
ကုတ်ကုတ်ကတ်ကတ်
ခဲကတ်
စကားကတ်
တုံးပေကတ်သတ်
တရုတ်ကတ်တံခါး
တွက်ကတ်သည်
နားကြားပြင်းကတ်သည်
ပုံကတ်၍ပြောသည်
ပိဋကတ်
ပို့စကတ်
မီးနေကတ်
မျက်နှာထားကတ်
မြင်ပြင်းကတ်
လက်ပေါက်ကတ်
သတ်သီးကတ်သတ်
သူနာတင်ကတ်
သူသေတင်ကတ်
အကတ်ကိုင်
အကြံကတ်
အကြားရကတ်
အမြင်ကတ်
အလုပ်ခိုကတ်
အသွားအလာကတ်
အိမ်မိုးဝါးကတ်
အနေကတ်
အပြောရကတ်
ချောင်းကတ်
ဆေးကတ်ကြေးပင်
ပေကတ်ကတ်

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇
၂၈-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး