ဧရာဝတီ

ပို့စ်တခု တွေ့တယ်။ မန္တလေးမြို့တွင် စတု့က္ထအကြိမ်မြောက် အေရာဝတီစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါမည်တဲ့။

စာပေပွဲသတင်းမှာ သတ်ပုံကို အဲလိုရေးထားလို့ မျက်လုံးပြူးမိတယ်။ အလွယ်ရေးမိတာ ဖြစ်နိုင်တယ်။ မန္တလေးကိုတော့ ကြိုးစားရေးထားတယ်။ ကောင်းတယ်။ ချင်းတွင်းကိုပါ ခြင်းဒွင်းလုပ်မလာကြကောင်းပါရဲ့လို့ စိုးရိမ်စိတ်ပါဖြစ်လာတယ်။ ဖေ့စ်ဘွတ်ကြောင့် စာပျက်ရတယ်။

အဲလိုပဲ စာသမားဆိုသူတွေက စာအုပ်တွေ တင်ပေးကြတယ်။ ဒေါင်းလုဒ်လုပ်နိုင်တာတွေ တင်ပေးကြတယ်။ စာအုပ်က သတ်ပုံမှန်ကို တင်ပေးသူတွေက အမှားတွေနဲ့ စာရိုက်ထားကြတယ်။ ကောင်းပေမဲ့ မကောင်းပါ။

မြန်မာစာ ဧရာဝတီမြစ်ရေနဲ့အတူသာ ရှင်သန် မှန်မှန် စီးဆင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇
၂၈-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး