Saturday, October 27, 2018

Strawberry Plant စထော်ဘယ်ရီပင်အောက်မှာ

သဇင်တွေ မောင်ပွေ့လာခဲ့ပြီလို့ ခေတ်ဟောင်းသီချင်တပုဒ်မှာပါတယ်။ သဇင်ပန်းဆိုတာ အခက်သေးသေးလေးတွေ၊ တန်ဖိုးကလည်းကြီးတယ်။ တပွေ့တပိုက်တော့ များပါ့လားစဉ်းစားမိတယ်။ ချမ်းသာတဲ့မောင်လည်း ဖြစ်နိုင်ပါတယ်။

အဲဒီခေတ်လောက်က ဝတ္ထုတပုဒ်မှာ ခင်နဲ့မောင် စထော်ဘယ်ရီပင်အောက်မှာ သမီးရည်းစားချိန်းတွေ့တယ်လို့ ရေးတယ်။ စထော်ဘယ်ရီပင်ဆိုတာကလည်း ခြုံပုတ်မျိုး နိမ့်တယ်။ အောက်မှာ လူမဝင်လောက်ပါ။

နောက်တပုဒ်မှာ ဇာတ်လိုက်သည် ဂျစ်ကားတံခါးကိုဖွင့်၍ဆင်းလိုက်သည်တဲ့။ အဲဒီခေတ်က ဂျစ်ကားတွေမှာ တံခါးမပါ။

ကျွန်တော်က စာဖတ်ရင်၊ ကဗျာဖတ်ရင်၊ သီချင်းနားထောင်ရင်၊ ရုပ်ရှင်ကြည့်ရင် ဖြစ်နိုင်သလားကို စဉ်းစားလေ့ရှိတယ်။ ငယ်စဉ်ကတော့ စာလုံးလှလှလေးတွေ၊ ကာရန်မိတာလေးတွေ၊ ဇာတ်လမ်းဇာတ်ကွက်ကောင်းတာတွေနောက်မှာ မျောပါခဲ့ဘူးတယ်။ နောက်တော့ သမိုင်းနောက်ခံတွေရေးဖွဲ့တာတွေကိုပါ တကယ့်ရာဇဝင်နဲ့ တွဲကြည့်ချင်လာတယ်။

စာတွေရေးကြတာ ကဗျာတွေဖွဲ့ကြတာ စထော်ဘယ်ရီပင်အောက်မှာတွေက များနေသလား။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇
၂၈-၁ဝ-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...