Hair Cut ဆံသ

ကနေ့ ဆံပင်ဖြတ်ပါတယ်။ ဒီတိုင်းပြည်ရောက်တည်းက ဆိုင်မှာ တခါမှ သွားမဖြတ်ပါ။ ဒေါ်မြမြအေးကို ပါးစပ်နဲ့ သင်ပေးထားတာ။

ကျွန်တော်ကလည်း ဗျိုင်းဆီက ငါးဖမ်းနည်းသင်ယူခဲ့တဲ့ လှံသမားလို အိန္ဒိယမှာ နှစ် နှစ်ဆယ်ကျော် ဆံသဆိုင်မှာ ထိုင်နေရင် ကိုကုလား ဆံပင်ညှပ်ပေးတာကို စိတ်ထဲကနေ မှတ်ပြီးသင်ယူလာခဲ့တာ။

ကျွန်တော်က ကာမပြန်တတ်ပါ။ ကျွန်တော် ဆံသဆိုင်သွားတိုင်း ကိုယ်ပိုင်အဝတ်စအပြာရင့်ရောင်းလေကို ယူအက်အေ မလာခင်မှာ ဆံပင်ဖြတ်ဆရာကို လက်ဆောင်ပေးခဲ့တယ်။ သူကအဲဒီအစ သဘောကျပြီး ဘယ်ကနေဝယ်သလဲ မေးထားလို့။ ဆံပင်ဖြတ်ကပ်ကြေးနဲ့ ခေါင်းဘီးလည်း နယူးဒေလီကနေ ယူလာခဲ့တာ။ ပစ္စည်းဆိုတာ သစ်တိုင်း ဆန်းတိုင်း ပိုက်ဆံပေးရတိုင်း မကောင်းတတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး