Fungal infection မှိုရောဂါ မေးခွန်း
မင်္ဂလာပါဆရာရှင် သမီးအမေ လွန်ခဲ့တဲ့ ၁ နှစ်က (အသက် ၅၃) ဆုံးသွားပါတယ်ရှင်။ သမီးမှာ ဒီလိုမျိုး ရောဂါလား ဘာလားဆိုတာ စိတ်ထဲမှာ သံသယဖြစ်မိလို့ပါ ဆရာရှင်။ သမီးအသက်က ယခု ၂၉ နှစ်ပါရှင်။ ပုံမှာ တွေ့မြင်ရတဲ့အတိုင်း သမီး နှုတ်ခမ်းအစွန်းတဘက်မှာ ပါးသက်နာလိုမျိုး (နာကျင်တာ မရှိပါရှင်) ဖြူဖြူကွက်လေး ဖြစ်နေပါတယ်။ သမီး ဆေးခန်းကို သွားပြတော့ ဓာတ်တခုခု ချို့ယွင်းတယ်လို့ ပြောပြီး ပုံထဲက ဆေးကို မနက်/ည တကြိမ်ဆီ လိမ်းခိုင်းပါတယ်ရှင်။ နေပူထဲထွက်ရင် mask အုပ်ခိုင်းပါတယ်။ သမီးက့ မှာဆိုတော့ ဆေးပညာဆိုင်ရာ ဘာသာစကား အခက်အခဲ နည်းနည်းရှိတော့ အသေးစိပ် မေးမြန်းရခက်နေလို့ပါရှင်။ နောက်ပြီး သမီးရဲ့ တကိုယ်လုံးနီးပါမှာ အဖြူအစက်လေးတွေလဲ ဖြစ်လာပါတယ်ရှင်။ ဆရာ သမီးကို အကြံဉာဏ်လေး ကျေးဇူးပြု၍ ပေးပါဦးရှင်။ လေးစားစွာဖြင့်
မိခင်ဆုံးတာကို အရင်ရေးလို့ စဉ်းစားရတာ အတော်ခက်တယ်။ ပုံတွေအရတော့ ဖန်းဂတ်စ် ခေါ် မှိုပိုးလား စဉ်းစားရတယ်။ တကြိမ်စီလို့ ရေးရတယ်။ ဆီဆိုတာ ကြော်စရာ လိမ်းစရာ။ တစ် ၄ လုံးကို ပြင်လိုက်တယ်။ ဉာဏ်ကို ပြင်ထားတယ်။ အသေးစိတ်လို့ ပြင်ရမယ်။
• Fungal infections မှိုရောဂါများ http://doctortintswe.blogspot.com/2016/12/fungal-infections.html
• Fungus မိုးစိုစို မှိုသတိထား https://doctortintswe.blogspot.com/2015/08/fungus.html
• Nail fungal infection လက်သည်း-ခြေသည်းမှို http://doctortintswe.blogspot.com/2014/12/nail-fungal-infection.html
• Otomycosis (ear fungus) နားမှို https://doctortintswe.blogspot.com/2016/02/otomycosis-ear-fungus.html
• Thrush မှက္ခရုနာ https://doctortintswe.blogspot.com/2016/06/thrush-oral-candidiasis.html
• Vaginal Yeast Infection ဗဂျိုင်းနားမှိုပိုးဝင်ခြင်း https://doctortintswe.blogspot.com/2016/05/vaginal-yeast-infection.html
ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၈

Comments
Post a Comment