Military helicopter အဖြစ်ကတော့ စစ်ရဟတ်ယာဉ်နဲ့ပေါ့
ပို့စ်တခု = Alinka Monywa ဘုတလင်မြို့နယ် သခွတ္တနယ်ရွာကို လက်ရှိစစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး မဲဆွယ် စည်းရုံးရေးဆင်းတာ အဆင့်တော့မြင့်တယ်ဗျ။ ရဟတ်ယာဉ်နဲ့ ကြိုခိုင်းထားတဲ့ ကျောင်းသားတွေနဲ့ သူ့ပရိတ်သတ်နဲ့သူ စည်းကားသားပဲ။
ကျွန်တော်ငယ်ငယ် ဆယ်နှစ်သားလောက်တုံးက ဝန်ကြီးချုပ်ဦးဗဆွေ မုံရွာကို ရဟတ်ယာဉ်နဲ့လာတော့ သွားကြည့်ဘူးတယ်။ ဘောလုံးကွင်းထဲမှာ လူအပြည့်။ ရဟတ်ယာဉ်ပန်ကာကြောင့် ဖုန်တွေထတာပဲမြင်ခဲ့ရတယ်။ ကျွန်တော်က ရဟတ်ယာဉ် မမြင်ဘူးလို့ သွားကြည့်တာပါ။ အသက်ပြည့်ရင် တည်မြဲကိုမဲပေးချင်လို့တော့ မဟုတ်ပါ။ ဦးဗဆွဟာ (ဖဆပလ) မှာ ဦးနုပြီးရင် ဒုတိယခေါင်းဆောင်ပါ။ ၁၂-၆-၁၉၅၆ ကနေ ၂၈-၂-၁၉၅၇ အထိ ဝန်ကြီးချုပ် တာဝန်ယူရတယ်။ ၁၉၅၈ နှစ်လည်လောက်မှာ (ဖဆပလ) နှစ်ခြမ်းကွဲသွားပါတယ်။
ဦးသာအေး စီးနင်းလာတဲ့ရဟတ်ယာဉ်က စစ်သုံး။ တပ်မတော်ကြီးလည်း မဲဆွယ်နေပါလား။
ကွဲသွားတဲ့ ဦးဗဆွေရဲ့ တည်မြဲ (ဖဆပလ) ကို စစ်တပ်ကနေ ပြောင်ပြောင်တင်းတင်း အားပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာတော့ ခွက်ခွက်လန်အောင်ရှုံးပါတယ်။
ဒေါက်တာတင့်ဆွေ
၃-၁၁-၂ဝ၁၅

Comments
Post a Comment